Quran Apps in many lanuages:

Surah Ta-Ha Ayahs #123 Translated in Burmese

وَأَنَّكَ لَا تَظْمَأُ فِيهَا وَلَا تَضْحَىٰ
ထို့ပြင် ဧကန်စင်စစ် အသင်သည် ယင်းသုခဘုံ၌ ရေမွတ်သိပ်မည်လည်းမဟုတ်ပေ။ ထို့ပြင် အသင်သည် နေပူခံရမည်လည်း မဟုတ်ချေ။
فَوَسْوَسَ إِلَيْهِ الشَّيْطَانُ قَالَ يَا آدَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ الْخُلْدِ وَمُلْكٍ لَا يَبْلَىٰ
ထို့နောက် ရှိုင်တွာန်မိစ္ဆာကောင်သည် အာဒမ်အား(သွေးဆောင်ဖြားယောင်း ခဲ့လေသည်)။ ၎င်းက (အာဒမ်အား) အို-အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အစဉ်အမြဲ ရှင်နေသောသစ်ပင်ကိုလည်းကောင်း၊ ဟောင်းမြင်းဆွေးမြည့်ခြင်းမရှိသော စိုးမိုးအုပ်ချုပ်မှု(အာဏာ)ကိုလည်းကောင်း၊ ညွှန်ပြရမည်လော ဟု ပြောဆိုခဲ့လေ၏။
فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِنْ وَرَقِ الْجَنَّةِ ۚ وَعَصَىٰ آدَمُ رَبَّهُ فَغَوَىٰ
သို့ဖြစ်ပေရာ ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည်ထိုသစ်ပင်မှ (အသီးကို)စားသုံးခဲ့ကြလေ၏။ ထိုအခါ ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏ (ဖုံးအုပ်လျက်ရှိသော) အရှက်များသည်၎င်းတို့ရှေ့ဝယ် ပေါ်၍သွားခဲ့လေသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် မိမိတို့(ကိုယ်)ကို ဂျန္နတ်အမတသုခဘုံမှ သစ်ရွက်များဖြင့်ဖုံးအုပ်ခြင်းကို စတင်ပြုလုပ်ခဲ့ကြလေသည်။ စင်စစ် အာဒမ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို ဆန့်ကျင်မိခဲ့လေရာ လမ်းမှန်မှလွဲခဲ့ရလေသည်။
ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ
ထို့နောက် ယင်းအာဒမ်အား ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်တော် မူခဲ့လေရာ၊ထိုအရှင်မြတ်သည် ၎င်း၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူ(၍၎င်း၏တောင်းပန်ချက်ကို သဘောတူလက်ခံတော်မူ)ခဲ့လေသည်။ ထို့ပြင်တရားလမ်းမှန်ကိုလည်းပြတော်မူခဲ့လေသည်။
قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ
ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့၏။အသင်တို့နှစ်ဦးသည် ယင်းဂျန္နတ်အမတသုခဘုံမှ ဆင်းသွားကြလေကုန်။ အသင်တို့(၏သားသမီးများ) အနက် တစ်ဦးသည်တစ်ဦး၏ ရန်သူပင်ဖြစ်ပေမည်။ ထို့နောက် အကယ်၍ အသင်တို့ထံ ငါအရှင်မြတ်အထံတော်မှ တစ်စုံတစ်ရာ တရားလမ်းညွှန်ရောက်ရှိ လာသောအခါ မည်သူမဆို ငါအရှင်မြတ်၏ တရားလမ်းညွှန်အတိုင်း လိုက်နာခဲ့မူ ထိုသူသည် လမ်းမှားလိမ့်မည်လည်းမဟုတ်ပေ။ ဆင်းရဲဒုက္ခ(ပျက်စီးဆုံးရှုံးခြင်းနှင့်)တွေ့ကြုံရမည်လည်း မဟုတ်ပေ။

Choose other languages: