Quran Apps in many lanuages:

Surah Ta-Ha Ayahs #126 Translated in Burmese

ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ
ထို့နောက် ယင်းအာဒမ်အား ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်တော် မူခဲ့လေရာ၊ထိုအရှင်မြတ်သည် ၎င်း၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူ(၍၎င်း၏တောင်းပန်ချက်ကို သဘောတူလက်ခံတော်မူ)ခဲ့လေသည်။ ထို့ပြင်တရားလမ်းမှန်ကိုလည်းပြတော်မူခဲ့လေသည်။
قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ
ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့၏။အသင်တို့နှစ်ဦးသည် ယင်းဂျန္နတ်အမတသုခဘုံမှ ဆင်းသွားကြလေကုန်။ အသင်တို့(၏သားသမီးများ) အနက် တစ်ဦးသည်တစ်ဦး၏ ရန်သူပင်ဖြစ်ပေမည်။ ထို့နောက် အကယ်၍ အသင်တို့ထံ ငါအရှင်မြတ်အထံတော်မှ တစ်စုံတစ်ရာ တရားလမ်းညွှန်ရောက်ရှိ လာသောအခါ မည်သူမဆို ငါအရှင်မြတ်၏ တရားလမ်းညွှန်အတိုင်း လိုက်နာခဲ့မူ ထိုသူသည် လမ်းမှားလိမ့်မည်လည်းမဟုတ်ပေ။ ဆင်းရဲဒုက္ခ(ပျက်စီးဆုံးရှုံးခြင်းနှင့်)တွေ့ကြုံရမည်လည်း မဟုတ်ပေ။
وَمَنْ أَعْرَضَ عَنْ ذِكْرِي فَإِنَّ لَهُ مَعِيشَةً ضَنْكًا وَنَحْشُرُهُ يَوْمَ الْقِيَامَةِ أَعْمَىٰ
သို့ရာတွင် မည်သူမဆို ငါအရှင်မြတ်၏ တရားဒေသနာတော်မှ မျက်နှာလွှဲခဲ့မူ ဧကန်မလွဲ ထိုသူ၌ ကျပ်တည်းသောအသက်မွေးမြူမှုရှိပေမည်။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းအား ကိယာမတ်နေ့တွင် မျက်ကန်းအဖြစ် ရှင်ပြန်ထစေတော်မူမည်ဖြစ်သည်။
قَالَ رَبِّ لِمَ حَشَرْتَنِي أَعْمَىٰ وَقَدْ كُنْتُ بَصِيرًا
(ထိုအခါ) ထိုသူက အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးသည်မျက်စိမြင်သူ (တစ်ဦး)ဖြစ်ခဲ့ပါလျက် အရှင်မြတ်သည် အဘယ်ကြောင့် ကျွန်တော်မျိုးအား မျက်ကန်းအဖြစ် ရှင်ပြန်ထစေတော်မူပါသနည်းဟု လျှောက်ထားပေမည်။
قَالَ كَذَٰلِكَ أَتَتْكَ آيَاتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ الْيَوْمَ تُنْسَىٰ
(ထိုအခါ) ထိုအရှင်မြတ်သည်(ဤသို့)မိန့် ကြားတော်မူပေမည်။ (ဤကိစ္စသည်) ဤအတိုင်းပင် ဖြစ်ပေမည်။ငါအရှင်မြတ်၏ သက်သေသာဓကများသည် အသင့်ထံ ရောက်ရှိလာခဲ့သောအခါ အသင်သည် ထိုသက်သေ သာဓကများကို(ယုံကြည်လက်ခံခြင်းမပြုဘဲ) စွန့်ထားခဲ့လေသည်။ ထိုနည်းအတိုင်းပင် ယနေ့အသင်သည်လည်း စွန့်ထားခြင်းကိုခံရပေမည်။

Choose other languages: