Quran Apps in many lanuages:

Surah Ibrahim Ayahs #48 Translated in Burmese

وَأَنْذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُمْ مِنْ قَبْلُ مَا لَكُمْ مِنْ زَوَالٍ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အနည်းငယ်မျှသော အချိန်ကာလ တိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ဖိတ်ခေါ်ချက်ကို သဘောတူလက်ခံကြပါမည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့သည် ရစူလ်တမန်တော်များ၏အမိန့်ကိုလည်းလိုက်နာကြပါမည် ဟုပြောဆိုလျှောက်ထားကြလတ္တံ့။ (ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူအံ့)။ အသို့ပါနည်း။အသင်တို့သည် ယခင်မူလက မိမိတို့၌ မည်သို့မျှ လွဲဖယ်တိမ်းယိမ်း ပျက်စီးယိုယွင်းမှုသည် အလျင်းရှိလိမ့်မည်မဟုတ်ဟူ၍ကျိန်ဆို(ပြောဆို)ခဲ့ကြသည် မဟုတ်တုံလော။
وَسَكَنْتُمْ فِي مَسَاكِنِ الَّذِينَ ظَلَمُوا أَنْفُسَهُمْ وَتَبَيَّنَ لَكُمْ كَيْفَ فَعَلْنَا بِهِمْ وَضَرَبْنَا لَكُمُ الْأَمْثَالَ
အမှန်စင်စစ်သော်ကား၊ သင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ကလူ ပြုမူခဲ့ကြကုန်သောသူတို့ နေထိုင်ရာအရပ်များ၌ပင် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား မည်သို့ ပြုလုပ်တော်မူခဲ့သည်မှာလည်းအသင်တို့ရှေ့၌ ထင်ရှားခဲ့လေပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကိုလည်းခိုင်းနှိုင်းပြတော်မူခဲ့လေသတည်း။
وَقَدْ مَكَرُوا مَكْرَهُمْ وَعِنْدَ اللَّهِ مَكْرُهُمْ وَإِنْ كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ الْجِبَالُ
ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည် ယင်းကြံစည်မှုကြောင့် တောင်များပင်ရွေ့သွားနိုင်ကြပေသည်။
فَلَا تَحْسَبَنَّ اللَّهَ مُخْلِفَ وَعْدِهِ رُسُلَهُ ۗ إِنَّ اللَّهَ عَزِيزٌ ذُو انْتِقَامٍ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား မိမိရစူလ်တမန်တော်များနှင့် ချိန်းချက်ထားရှိတော်မူသော ကတိတော်ကို ဖောက်ဖျက်တော်မူမည့်အရှင် ဟူ၍အလျင်း မထင်မှတ်လေနှင့်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ လက်စားချေတော်မူ သောအရှင်၊ ဖြစ်တော်မူပေသတည်း။
يَوْمَ تُبَدَّلُ الْأَرْضُ غَيْرَ الْأَرْضِ وَالسَّمَاوَاتُ ۖ وَبَرَزُوا لِلَّهِ الْوَاحِدِ الْقَهَّارِ
(ဤသည်တို့ကားထိုနေ့၌ဖြစ်အံ့)၊ အကြင်နေ့တွင် (ဤ)ပထဝီမြေသည် အခြားသောပထဝီမြေဖြင့် ပြောင်းလဲသွားအံ့။ ထိုနည်းတူစွာ (ဤ)မိုးကောင်းကင်များသည်လည်း(အခြားမိုးကောင်းကင်များဖြင့် ပြောင်းလဲသွားလတ္တံ့)။ထိုမှတစ်ပါး (ခပ်သိမ်းကုန်သောလူသတ္တဝါတို့သည်) တစ်ဆူတည်း ဖြစ်တော်မူသော၊ အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့ ထွက်ပေါ်လာခဲ့ကြလတ္တံ့။

Choose other languages: