Quran Apps in many lanuages:

Surah Ibrahim Ayahs #51 Translated in Burmese

فَلَا تَحْسَبَنَّ اللَّهَ مُخْلِفَ وَعْدِهِ رُسُلَهُ ۗ إِنَّ اللَّهَ عَزِيزٌ ذُو انْتِقَامٍ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား မိမိရစူလ်တမန်တော်များနှင့် ချိန်းချက်ထားရှိတော်မူသော ကတိတော်ကို ဖောက်ဖျက်တော်မူမည့်အရှင် ဟူ၍အလျင်း မထင်မှတ်လေနှင့်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ လက်စားချေတော်မူ သောအရှင်၊ ဖြစ်တော်မူပေသတည်း။
يَوْمَ تُبَدَّلُ الْأَرْضُ غَيْرَ الْأَرْضِ وَالسَّمَاوَاتُ ۖ وَبَرَزُوا لِلَّهِ الْوَاحِدِ الْقَهَّارِ
(ဤသည်တို့ကားထိုနေ့၌ဖြစ်အံ့)၊ အကြင်နေ့တွင် (ဤ)ပထဝီမြေသည် အခြားသောပထဝီမြေဖြင့် ပြောင်းလဲသွားအံ့။ ထိုနည်းတူစွာ (ဤ)မိုးကောင်းကင်များသည်လည်း(အခြားမိုးကောင်းကင်များဖြင့် ပြောင်းလဲသွားလတ္တံ့)။ထိုမှတစ်ပါး (ခပ်သိမ်းကုန်သောလူသတ္တဝါတို့သည်) တစ်ဆူတည်း ဖြစ်တော်မူသော၊ အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့ ထွက်ပေါ်လာခဲ့ကြလတ္တံ့။
وَتَرَى الْمُجْرِمِينَ يَوْمَئِذٍ مُقَرَّنِينَ فِي الْأَصْفَادِ
၎င်းပြင် အသင်သည် ထိုနေ့တွင် ပြစ်မှု ကျူးလွန်သောသူတို့အား သံကြိုးများဖြင့် ပူးတွဲချုပ်နှောင်၍ ထားလျက်(ရှိသည်ကို) တွေ့မြင်အံ့။
سَرَابِيلُهُمْ مِنْ قَطِرَانٍ وَتَغْشَىٰ وُجُوهَهُمُ النَّارُ
၎င်းတို့၏ အကျႌ အဝတ်အစားများကား ကတွီရာန် ကျောက်မီးသွေး၊ ကတ္တရာစေးဖြင့်ပြီးသော အဝတ်အစားများပင် ဖြစ်ကြပေမည်။ ထိုမှတစ်ပါး ငရဲမီးသည် ၎င်းတို့၏မျက်နှာများကို ဖုံးအုပ်လျက်ရှိချေမည်။
لِيَجْزِيَ اللَّهُ كُلَّ نَفْسٍ مَا كَسَبَتْ ۚ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
(ဤသည်တို့ကား) အလ္လာဟ်အရှင်မြတ်သည်လူတိုင်းလူတိုင်းအား ၎င်းတို့ရှာဖွေ ဆည်းပူးခဲ့ကြ သည်များနှင့်စပ်လျဉ်း၍ အစားပေးတော်မူရန် ဖြစ်ပေသည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသည့်အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: