Quran Apps in many lanuages:

Surah Ibrahim Ayahs #52 Translated in Burmese

وَتَرَى الْمُجْرِمِينَ يَوْمَئِذٍ مُقَرَّنِينَ فِي الْأَصْفَادِ
၎င်းပြင် အသင်သည် ထိုနေ့တွင် ပြစ်မှု ကျူးလွန်သောသူတို့အား သံကြိုးများဖြင့် ပူးတွဲချုပ်နှောင်၍ ထားလျက်(ရှိသည်ကို) တွေ့မြင်အံ့။
سَرَابِيلُهُمْ مِنْ قَطِرَانٍ وَتَغْشَىٰ وُجُوهَهُمُ النَّارُ
၎င်းတို့၏ အကျႌ အဝတ်အစားများကား ကတွီရာန် ကျောက်မီးသွေး၊ ကတ္တရာစေးဖြင့်ပြီးသော အဝတ်အစားများပင် ဖြစ်ကြပေမည်။ ထိုမှတစ်ပါး ငရဲမီးသည် ၎င်းတို့၏မျက်နှာများကို ဖုံးအုပ်လျက်ရှိချေမည်။
لِيَجْزِيَ اللَّهُ كُلَّ نَفْسٍ مَا كَسَبَتْ ۚ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
(ဤသည်တို့ကား) အလ္လာဟ်အရှင်မြတ်သည်လူတိုင်းလူတိုင်းအား ၎င်းတို့ရှာဖွေ ဆည်းပူးခဲ့ကြ သည်များနှင့်စပ်လျဉ်း၍ အစားပေးတော်မူရန် ဖြစ်ပေသည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသည့်အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
هَٰذَا بَلَاغٌ لِلنَّاسِ وَلِيُنْذَرُوا بِهِ وَلِيَعْلَمُوا أَنَّمَا هُوَ إِلَٰهٌ وَاحِدٌ وَلِيَذَّكَّرَ أُولُو الْأَلْبَابِ
ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကား လူတို့အဖို့ အကြောင်းကြားချက်သည်လည်းကောင်း၊ ထို့ပြင် ထိုသူတို့သည် သတိပေးနှိုးဆော်ခြင်း ခံကြရ အံ့သောငှာလည်းကောင်း၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်ဖြစ်တော်မူကြောင်း။ ထိုသူတို့ သိရှိယုံကြည်အံ့သောငှာလည်းကောင်း၊ ထို့ပြင်တစ်ဝ နိသမ္မဉာဏ်ရှင်တို့သည် တရားရကြအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း

Choose other languages: