Quran Apps in many lanuages:

Surah Ibrahim Ayahs #50 Translated in Burmese

وَقَدْ مَكَرُوا مَكْرَهُمْ وَعِنْدَ اللَّهِ مَكْرُهُمْ وَإِنْ كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ الْجِبَالُ
ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည် ယင်းကြံစည်မှုကြောင့် တောင်များပင်ရွေ့သွားနိုင်ကြပေသည်။
فَلَا تَحْسَبَنَّ اللَّهَ مُخْلِفَ وَعْدِهِ رُسُلَهُ ۗ إِنَّ اللَّهَ عَزِيزٌ ذُو انْتِقَامٍ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား မိမိရစူလ်တမန်တော်များနှင့် ချိန်းချက်ထားရှိတော်မူသော ကတိတော်ကို ဖောက်ဖျက်တော်မူမည့်အရှင် ဟူ၍အလျင်း မထင်မှတ်လေနှင့်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ လက်စားချေတော်မူ သောအရှင်၊ ဖြစ်တော်မူပေသတည်း။
يَوْمَ تُبَدَّلُ الْأَرْضُ غَيْرَ الْأَرْضِ وَالسَّمَاوَاتُ ۖ وَبَرَزُوا لِلَّهِ الْوَاحِدِ الْقَهَّارِ
(ဤသည်တို့ကားထိုနေ့၌ဖြစ်အံ့)၊ အကြင်နေ့တွင် (ဤ)ပထဝီမြေသည် အခြားသောပထဝီမြေဖြင့် ပြောင်းလဲသွားအံ့။ ထိုနည်းတူစွာ (ဤ)မိုးကောင်းကင်များသည်လည်း(အခြားမိုးကောင်းကင်များဖြင့် ပြောင်းလဲသွားလတ္တံ့)။ထိုမှတစ်ပါး (ခပ်သိမ်းကုန်သောလူသတ္တဝါတို့သည်) တစ်ဆူတည်း ဖြစ်တော်မူသော၊ အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့ ထွက်ပေါ်လာခဲ့ကြလတ္တံ့။
وَتَرَى الْمُجْرِمِينَ يَوْمَئِذٍ مُقَرَّنِينَ فِي الْأَصْفَادِ
၎င်းပြင် အသင်သည် ထိုနေ့တွင် ပြစ်မှု ကျူးလွန်သောသူတို့အား သံကြိုးများဖြင့် ပူးတွဲချုပ်နှောင်၍ ထားလျက်(ရှိသည်ကို) တွေ့မြင်အံ့။
سَرَابِيلُهُمْ مِنْ قَطِرَانٍ وَتَغْشَىٰ وُجُوهَهُمُ النَّارُ
၎င်းတို့၏ အကျႌ အဝတ်အစားများကား ကတွီရာန် ကျောက်မီးသွေး၊ ကတ္တရာစေးဖြင့်ပြီးသော အဝတ်အစားများပင် ဖြစ်ကြပေမည်။ ထိုမှတစ်ပါး ငရဲမီးသည် ၎င်းတို့၏မျက်နှာများကို ဖုံးအုပ်လျက်ရှိချေမည်။

Choose other languages: