Quran Apps in many lanuages:

Surah At-Tawba Ayahs #80 Translated in Burmese

فَلَمَّا آتَاهُمْ مِنْ فَضْلِهِ بَخِلُوا بِهِ وَتَوَلَّوْا وَهُمْ مُعْرِضُونَ
တဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူသောအခါ၊ ၎င်းတို့သည်ကျေးဇူးတော်ကို(ပေးကမ်းလှူဒါန်းခြင်းမပြုဘဲ)စေးနှဲကြကုန်၏။ထို့ပြင် ၎င်းတို့သည် မျက်နှာ လွှဲဖယ် ကျောခိုင်းခဲ့ကြလေသည်။စင်စစ်သော်ကား ၎င်းတို့သည် တိမ်းရှောင်လေ့ရှိကြသူများပင်ဖြစ်ကြကုန်သတည်း။
فَأَعْقَبَهُمْ نِفَاقًا فِي قُلُوبِهِمْ إِلَىٰ يَوْمِ يَلْقَوْنَهُ بِمَا أَخْلَفُوا اللَّهَ مَا وَعَدُوهُ وَبِمَا كَانُوا يَكْذِبُونَ
သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ထိုသူများ၏စိတ်နှလုံးများတွင် ထိုအရှင်မြတ်နှင့်ထိုသူများ တွေ့ဆုံကြမည့်နေ့တိုင်အောင် နိဖာက် (မုစ်လင်မ်အရေခြုံမှု)ကို (ထည့်သွင်းတော်မူခြင်းအားဖြင့်) ၎င်းတို့အား ပြစ်ဒဏ်ခတ်တော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့ ပေးခဲ့ကြသောကတိဝန်ခံချက်ကို ဖောက်ခဲ့ကြသည့်ပြင်၊ မုသားပြောဆိုလေ့ ရှိခဲ့ကြသောကြောင့်ပင်။
أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏လျှို့ဝှက် နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန် သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသောအရှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတု့ိသည် မသိကြလေသလော)။
الَّذِينَ يَلْمِزُونَ الْمُطَّوِّعِينَ مِنَ الْمُؤْمِنِينَ فِي الصَّدَقَاتِ وَالَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ اللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
(ထို’မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်များသည်)အကြင်သူများပင်၊ ယင်း(မုနာဖစ်က်)သူများသည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အနက်မှ သဒ္ဓါကြည်ဖြူစွာပေးကမ်း လှူဒါန်းသူတို့အား ပြစ်တင်ပြောဆိုကြလေသည်။ ၎င်းပြင်မိမိတို့ အားသွန်ခွန်စိုက်ရှာဖွေရရှိသော ချွေးနှဲစာမှအပ၊ အခြားတစ်စုံတစ်ရာကို မရရှိနိုင်ကြသောသူတို့အားလည်း ထို(မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်)တို့သည်ပြက်ချော်ပြောင်လှောင်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)တို့အား ပြောင်လှောင်တော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့၌ ပြင်ပြနာကျင်စေသော ပြစ်ဒဏ်သည်လည်း ရှိပေအံ့သတည်း။
اسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِنْ تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَنْ يَغْفِرَ اللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်)အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ်ပေတကား။(ရကူ)

Choose other languages: