Quran Apps in many lanuages:

Surah At-Tawba Ayahs #83 Translated in Burmese

الَّذِينَ يَلْمِزُونَ الْمُطَّوِّعِينَ مِنَ الْمُؤْمِنِينَ فِي الصَّدَقَاتِ وَالَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ اللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
(ထို’မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်များသည်)အကြင်သူများပင်၊ ယင်း(မုနာဖစ်က်)သူများသည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အနက်မှ သဒ္ဓါကြည်ဖြူစွာပေးကမ်း လှူဒါန်းသူတို့အား ပြစ်တင်ပြောဆိုကြလေသည်။ ၎င်းပြင်မိမိတို့ အားသွန်ခွန်စိုက်ရှာဖွေရရှိသော ချွေးနှဲစာမှအပ၊ အခြားတစ်စုံတစ်ရာကို မရရှိနိုင်ကြသောသူတို့အားလည်း ထို(မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်)တို့သည်ပြက်ချော်ပြောင်လှောင်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)တို့အား ပြောင်လှောင်တော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့၌ ပြင်ပြနာကျင်စေသော ပြစ်ဒဏ်သည်လည်း ရှိပေအံ့သတည်း။
اسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِنْ تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَنْ يَغْفِرَ اللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်)အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ်ပေတကား။(ရကူ)
فَرِحَ الْمُخَلَّفُونَ بِمَقْعَدِهِمْ خِلَافَ رَسُولِ اللَّهِ وَكَرِهُوا أَنْ يُجَاهِدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَقَالُوا لَا تَنْفِرُوا فِي الْحَرِّ ۗ قُلْ نَارُ جَهَنَّمَ أَشَدُّ حَرًّا ۚ لَوْ كَانُوا يَفْقَهُونَ
(စစ်မြေပြင်သို့ မလိုက်ပါပဲ) နောက် ကျန်ရစ်ခဲ့ကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်(ကြွသွားတော်မူပြီး)နောက်တွင် မိမိတို့ ထိုင်နေရစ်ခဲ့ကြရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို စက်ဆုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး) အသင်တို့သည် (ဤမျှပြင်းထန်လှသော) အပူရှိန်တွင် (နေအိမ်မှ) မထွက်ကြကုန်လင့်ဟု ပြောဆိုခဲ့ကြ၏။(အို-နဗီ တမန်တော်) အသင်သည် (၎င်းတို့အား) ဂျဟန္နမ်ငရဲဘုံ၏မီးသည် အပူရှိန်အားဖြင့် ပိုမို၍ပင် ပြင်းထန်လှပေသည်ဟု ပြောဆိုပါလေ။ အကယ်၍ ၎င်းတို့သည် သိမြင်နားလည်သည် ဖြစ်ကြပါလျှင်၊ ကောင်းလေစွ။
فَلْيَضْحَكُوا قَلِيلًا وَلْيَبْكُوا كَثِيرًا جَزَاءً بِمَا كَانُوا يَكْسِبُونَ
သို့ဖြစ်ပေရာ၊ ၎င်းတို့သည် (ဤလောကတွင်)အနည်းငယ်မျှ ရယ်မောကြစေ။ တစ်ဖန် (နောင်တမလွန်ဘဝတွင်မူ) မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်များကြောင့် များစွာငိုကြွေးကြစေ။
فَإِنْ رَجَعَكَ اللَّهُ إِلَىٰ طَائِفَةٍ مِنْهُمْ فَاسْتَأْذَنُوكَ لِلْخُرُوجِ فَقُلْ لَنْ تَخْرُجُوا مَعِيَ أَبَدًا وَلَنْ تُقَاتِلُوا مَعِيَ عَدُوًّا ۖ إِنَّكُمْ رَضِيتُمْ بِالْقُعُودِ أَوَّلَ مَرَّةٍ فَاقْعُدُوا مَعَ الْخَالِفِينَ
သို့ဖြစ်ပေရာ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား ၎င်းတို့အနက်မှ လူတစ်စုစု၏ထံသို့ ပြန်လည်၍ ရောက်ရှိစေခဲ့ပါလျှင်၊ တဖန် ၎င်းတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ရန်) ထွက်ခဲ့ကြပါရစေဟု အသင့်ထံ ခွင့်ပန်ကြပါလျှင်၊ အသင်သည် (ထိုသူတို့အား) အချင်းတို့၊ အသင်တို့သည် ငါနှင့်အတူ မည်သည့်အခါ၌မျှ ထွက်ကြမည်လည်းမဟုတ်၊ ထိုနည်းတူစွာ အသင်တို့သည် ငါနှင့်အတူ မည်သည့်ရန်သူ တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်ကြမည်လည်း မဟုတ်။အဘယ်ကြောင့်ဆိုသော် အသင်တို့သည် ပထမအကြိမ်ကလည်း (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် မထွက်ခဲ့ကြဘဲ) ထိုင်၍နေရစ်ခဲ့ခြင်းကိုသာ နှစ်မြို့ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာယခုလည်းအသင်တို့သည်နောက်၌ ကျန်ရစ်ခဲ့ကြသောသူတို့နှင့်အတူထိုင်၍ပင် နေရစ်ခဲ့ကြလေကုန် ဟုဖြေကြားပါလေ။

Choose other languages: