Quran Apps in many lanuages:

Surah At-Tawba Ayahs #82 Translated in Burmese

أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏လျှို့ဝှက် နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန် သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသောအရှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတု့ိသည် မသိကြလေသလော)။
الَّذِينَ يَلْمِزُونَ الْمُطَّوِّعِينَ مِنَ الْمُؤْمِنِينَ فِي الصَّدَقَاتِ وَالَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ اللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
(ထို’မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်များသည်)အကြင်သူများပင်၊ ယင်း(မုနာဖစ်က်)သူများသည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အနက်မှ သဒ္ဓါကြည်ဖြူစွာပေးကမ်း လှူဒါန်းသူတို့အား ပြစ်တင်ပြောဆိုကြလေသည်။ ၎င်းပြင်မိမိတို့ အားသွန်ခွန်စိုက်ရှာဖွေရရှိသော ချွေးနှဲစာမှအပ၊ အခြားတစ်စုံတစ်ရာကို မရရှိနိုင်ကြသောသူတို့အားလည်း ထို(မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်)တို့သည်ပြက်ချော်ပြောင်လှောင်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)တို့အား ပြောင်လှောင်တော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့၌ ပြင်ပြနာကျင်စေသော ပြစ်ဒဏ်သည်လည်း ရှိပေအံ့သတည်း။
اسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِنْ تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَنْ يَغْفِرَ اللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်)အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ်ပေတကား။(ရကူ)
فَرِحَ الْمُخَلَّفُونَ بِمَقْعَدِهِمْ خِلَافَ رَسُولِ اللَّهِ وَكَرِهُوا أَنْ يُجَاهِدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَقَالُوا لَا تَنْفِرُوا فِي الْحَرِّ ۗ قُلْ نَارُ جَهَنَّمَ أَشَدُّ حَرًّا ۚ لَوْ كَانُوا يَفْقَهُونَ
(စစ်မြေပြင်သို့ မလိုက်ပါပဲ) နောက် ကျန်ရစ်ခဲ့ကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်(ကြွသွားတော်မူပြီး)နောက်တွင် မိမိတို့ ထိုင်နေရစ်ခဲ့ကြရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို စက်ဆုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး) အသင်တို့သည် (ဤမျှပြင်းထန်လှသော) အပူရှိန်တွင် (နေအိမ်မှ) မထွက်ကြကုန်လင့်ဟု ပြောဆိုခဲ့ကြ၏။(အို-နဗီ တမန်တော်) အသင်သည် (၎င်းတို့အား) ဂျဟန္နမ်ငရဲဘုံ၏မီးသည် အပူရှိန်အားဖြင့် ပိုမို၍ပင် ပြင်းထန်လှပေသည်ဟု ပြောဆိုပါလေ။ အကယ်၍ ၎င်းတို့သည် သိမြင်နားလည်သည် ဖြစ်ကြပါလျှင်၊ ကောင်းလေစွ။
فَلْيَضْحَكُوا قَلِيلًا وَلْيَبْكُوا كَثِيرًا جَزَاءً بِمَا كَانُوا يَكْسِبُونَ
သို့ဖြစ်ပေရာ၊ ၎င်းတို့သည် (ဤလောကတွင်)အနည်းငယ်မျှ ရယ်မောကြစေ။ တစ်ဖန် (နောင်တမလွန်ဘဝတွင်မူ) မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်များကြောင့် များစွာငိုကြွေးကြစေ။

Choose other languages: