Quran Apps in many lanuages:

Surah Ar-Rad Ayahs #40 Translated in Burmese

وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنْزِلَ إِلَيْكَ ۖ وَمِنَ الْأَحْزَابِ مَنْ يُنْكِرُ بَعْضَهُ ۚ قُلْ إِنَّمَا أُمِرْتُ أَنْ أَعْبُدَ اللَّهَ وَلَا أُشْرِكَ بِهِ ۚ إِلَيْهِ أَدْعُو وَإِلَيْهِ مَآبِ
အမှန်သော်ကား ငါအရှင်မြတ်က ဒေသနာတော်ကျမ်းမြတ်ကို ချီးမြှင့်ပေးသနားတော်မူသော သူတို့သည်အသင့်ထံသို့ ကျရောက်လာသော ကျမ်းမြတ်ဒေသနာတော်ကြောင့် ရွှင်မြူးလျက်ရှိကြကုန်၏။ သို့ရာတွင် ယင်းအုပ်စုထဲ၌ပင် ယင်းကျမ်းမြတ်ဒေသနာတော်၏ အချို့အစိတ်အပိုင်းကိုငြင်းပယ်သောသူများလည်း ရှိကုန်၏။(သို့ဖြစ်ပေရာ) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊ အမှန်စင်စစ် မှာမူကား)ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ရန်နှင့်မည်သည့် တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုရန်လည်းကောင်း အမိန့်ပေးတော်မူခြင်းကိုသာ ခံခဲ့ရလေသည်။ ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင်(အသင်တို့အား) ဖိတ်ခေါ်လျက်ရှိပေသည်။ ၎င်းပြင် ငါသည်ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်၍ သွားရမည်ဖြစ်ချေသတည်း။
وَكَذَٰلِكَ أَنْزَلْنَاهُ حُكْمًا عَرَبِيًّا ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَمَا جَاءَكَ مِنَ الْعِلْمِ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا وَاقٍ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ဒေသနာတော်ကို ထင်ရှားပြတ်သားသော(တစ်နည်း)အရဗီဘာသာဖြင့်အမိန့်တော်(စီရင်ဆုံးဖြတ်ချက်) တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ရာတွင်မူကား အကယ်၍ အသင်သည် မိမိထံသို့ (မှန်ကန်တိကျသော) အသိပညာရောက်ရှိလာခဲ့ပြီးနောက် ၎င်းတို့၏ အလိုဆန္ဒများကို လိုက်နာခဲ့ပါမူ အသင့်အား အလ္လာဟ်အရှင်မြတ်နှင့်ပြိုင်ဆိုင်၍ ကူညီစောင်မမည့် အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကာကွယ်စောင့်ရှောက်မည့်သူဟူ၍လည်းကောင်း၊တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။
وَلَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ وَجَعَلْنَا لَهُمْ أَزْوَاجًا وَذُرِّيَّةً ۚ وَمَا كَانَ لِرَسُولٍ أَنْ يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۗ لِكُلِّ أَجَلٍ كِتَابٌ
၎င်းပြင် မချွတ်ဧကန် ငါအရှင်မြတ်သည်အသင်၏အလျင် ရစူလ်တမန်တော်များကို စေလွှတ် တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များအဖို့ ဇနီးကြင်ရာများကိုလည်းကောင်း၊ သားသမီးများကိုလည်းကောင်း စီမံပြုလုပ်၍ ပေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါး၌မျှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲလျက် အာယတ်တော် (သက်သေလက္ခဏာ) တစ်စုံတစ်ရာကို ယူဆောင်လာရန် အခွင့်အာဏာမရှိချေ။ ခေတ်ကာလ အပိုင်းအခြားတိုင်းအဖို့ ကျမ်းဂန်တစ်စောင်သည် ရှိချေသတည်း။ (ခေတ်တိုင်းအဖို့ သီးသန့်အမိန့်တော်များရှိသည်)။
يَمْحُو اللَّهُ مَا يَشَاءُ وَيُثْبِتُ ۖ وَعِنْدَهُ أُمُّ الْكِتَابِ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖျောက်ဖျက်တော်မူလေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည် (မိမိအလိုရှိတော်မူသောအရာကို) တည်တန့်စေတော်မူလေသည်။ စင်စစ်မူရင်း (မှတ်တမ်း)စာအုပ်မှာမူကား ထိုအရှင် မြတ်အထံတော်၌သာလျှင် ရှိပေသတည်း။
وَإِنْ مَا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ الْبَلَاغُ وَعَلَيْنَا الْحِسَابُ
အမှန်သော်ကား အကယ်၍ ငါအရှင်မြတ်သည်အသင်အား ငါအရှင်မြတ် ၎င်းတို့ကို ကတိပေးတော်မူရာအချို့ကိုပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ကွယ်လွန်စေတော်မူသည်ဖြစ်စေ၊ (မည်သို့ပင်ဖြစ်စေ) အသင့် အပေါ်၌မူကား (ငါအရှင်မြတ် အမိန့်ပညတ်တော်များကိုလူတို့ထံ)ပို့ဆောင်ရုံမျှပင် ထာဝန်ရှိပေသည်။ ငါအရှင်မြတ်အပေါ်၌မူကား စစ်ဆေးရန်တာဝန်သည် ရှိပေသတည်း။

Choose other languages: