Quran Apps in many lanuages:

Surah Ar-Rad Ayahs #42 Translated in Burmese

وَلَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ وَجَعَلْنَا لَهُمْ أَزْوَاجًا وَذُرِّيَّةً ۚ وَمَا كَانَ لِرَسُولٍ أَنْ يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۗ لِكُلِّ أَجَلٍ كِتَابٌ
၎င်းပြင် မချွတ်ဧကန် ငါအရှင်မြတ်သည်အသင်၏အလျင် ရစူလ်တမန်တော်များကို စေလွှတ် တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များအဖို့ ဇနီးကြင်ရာများကိုလည်းကောင်း၊ သားသမီးများကိုလည်းကောင်း စီမံပြုလုပ်၍ ပေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါး၌မျှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲလျက် အာယတ်တော် (သက်သေလက္ခဏာ) တစ်စုံတစ်ရာကို ယူဆောင်လာရန် အခွင့်အာဏာမရှိချေ။ ခေတ်ကာလ အပိုင်းအခြားတိုင်းအဖို့ ကျမ်းဂန်တစ်စောင်သည် ရှိချေသတည်း။ (ခေတ်တိုင်းအဖို့ သီးသန့်အမိန့်တော်များရှိသည်)။
يَمْحُو اللَّهُ مَا يَشَاءُ وَيُثْبِتُ ۖ وَعِنْدَهُ أُمُّ الْكِتَابِ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖျောက်ဖျက်တော်မူလေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည် (မိမိအလိုရှိတော်မူသောအရာကို) တည်တန့်စေတော်မူလေသည်။ စင်စစ်မူရင်း (မှတ်တမ်း)စာအုပ်မှာမူကား ထိုအရှင် မြတ်အထံတော်၌သာလျှင် ရှိပေသတည်း။
وَإِنْ مَا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ الْبَلَاغُ وَعَلَيْنَا الْحِسَابُ
အမှန်သော်ကား အကယ်၍ ငါအရှင်မြတ်သည်အသင်အား ငါအရှင်မြတ် ၎င်းတို့ကို ကတိပေးတော်မူရာအချို့ကိုပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ကွယ်လွန်စေတော်မူသည်ဖြစ်စေ၊ (မည်သို့ပင်ဖြစ်စေ) အသင့် အပေါ်၌မူကား (ငါအရှင်မြတ် အမိန့်ပညတ်တော်များကိုလူတို့ထံ)ပို့ဆောင်ရုံမျှပင် ထာဝန်ရှိပေသည်။ ငါအရှင်မြတ်အပေါ်၌မူကား စစ်ဆေးရန်တာဝန်သည် ရှိပေသတည်း။
أَوَلَمْ يَرَوْا أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا ۚ وَاللَّهُ يَحْكُمُ لَا مُعَقِّبَ لِحُكْمِهِ ۚ وَهُوَ سَرِيعُ الْحِسَابِ
ငါအရှင်မြတ်သည် မြေကိုဘေးပတ်ဝန်းကျင်များမှ(တဖြည်းဖြည်း)ယုတ်လျော့စေအောင်ပြုလုပ် လာတော်မူသည်ကို ၎င်းတို့သည် မမြင်ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် (မိမိအလိုရှိတော်မူသည်ကို) အမိန့်တော်ချမှတ်တော်မူလေသည်။ ထိုအရှင်မြတ်၏အမိန့်တော်ကို ရွှေ့ဆိုင်းနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိပေ။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَقَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَلِلَّهِ الْمَكْرُ جَمِيعًا ۖ يَعْلَمُ مَا تَكْسِبُ كُلُّ نَفْسٍ ۗ وَسَيَعْلَمُ الْكُفَّارُ لِمَنْ عُقْبَى الدَّارِ
အမှန်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား အလုံးစုံသော အကြံအစည်တို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်သည် လူတိုင်းလူတိုင်း ပြုလုပ်သမျှတို့ကိုသိတော်မူ၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆက်သည် မည်သူတို့အဖို့ရှိသည်ကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့သည် မကြာမြင့်မီ သိရှိသွားကြပေမည်။

Choose other languages: