Quran Apps in many lanuages:

Surah Ar-Rad Ayahs #43 Translated in Burmese

أَوَلَمْ يَرَوْا أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا ۚ وَاللَّهُ يَحْكُمُ لَا مُعَقِّبَ لِحُكْمِهِ ۚ وَهُوَ سَرِيعُ الْحِسَابِ
ငါအရှင်မြတ်သည် မြေကိုဘေးပတ်ဝန်းကျင်များမှ(တဖြည်းဖြည်း)ယုတ်လျော့စေအောင်ပြုလုပ် လာတော်မူသည်ကို ၎င်းတို့သည် မမြင်ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် (မိမိအလိုရှိတော်မူသည်ကို) အမိန့်တော်ချမှတ်တော်မူလေသည်။ ထိုအရှင်မြတ်၏အမိန့်တော်ကို ရွှေ့ဆိုင်းနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိပေ။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَقَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَلِلَّهِ الْمَكْرُ جَمِيعًا ۖ يَعْلَمُ مَا تَكْسِبُ كُلُّ نَفْسٍ ۗ وَسَيَعْلَمُ الْكُفَّارُ لِمَنْ عُقْبَى الدَّارِ
အမှန်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား အလုံးစုံသော အကြံအစည်တို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်သည် လူတိုင်းလူတိုင်း ပြုလုပ်သမျှတို့ကိုသိတော်မူ၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆက်သည် မည်သူတို့အဖို့ရှိသည်ကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့သည် မကြာမြင့်မီ သိရှိသွားကြပေမည်။
وَيَقُولُ الَّذِينَ كَفَرُوا لَسْتَ مُرْسَلًا ۚ قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ
၎င်းပြင် ကာဖိရ် သွေဖည် ငြင်းပယ်ကုန် သောသူတို့က အသင်သည် ရစူလ်တမန်တော်မဟုတ်ဟု ပြောဆိုကြပေသည်။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့)ငါနှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် အလ္လာဟ်အရှင်မြတ်သည်လည်း ကောင်း၊ ဒေသနာတော် ကျမ်းဂန်၏ အသိပညာရှိသောသူတို့သည်လည်းကောင်း၊ လုံလောက်ပေသတည်း။

Choose other languages: