Quran Apps in many lanuages:

Surah Ar-Rad Ayahs #14 Translated in Burmese

سَوَاءٌ مِنْكُمْ مَنْ أَسَرَّ الْقَوْلَ وَمَنْ جَهَرَ بِهِ وَمَنْ هُوَ مُسْتَخْفٍ بِاللَّيْلِ وَسَارِبٌ بِالنَّهَارِ
အသင်တို့အနက် စကားကို လျှို့ဝှက်သော သူသည်လည်းကောင်း၊ ထုတ်ဖော်ပြောဆိုသူသည် လည်းကောင်း၊ညဉ့်(၏အမှောင်)၌ ပုန်းကွယ်၍နေသူသည်လည်းကောင်း၊ နေ့(၏အလင်းရောင်) ၌ (အထင်အရှား) သွားလာသောသူသည်လည်းကောင်း၊(ထိုအရှင်မြတ်၏အသိဉာဏ်တော်တွင်) အတူတူပင် ဖြစ်ကုန်သတည်း။
لَهُ مُعَقِّبَاتٌ مِنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ ۗ إِنَّ اللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنْفُسِهِمْ ۗ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ ۚ وَمَا لَهُمْ مِنْ دُونِهِ مِنْ وَالٍ
ထို(လူသား)အသီးသီးတို့တွင် ယင်းအသီးသီးတို့၏ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း အလှည့်ကျလာသော ကောင်းကင်တမန်များသည် ရှိကြကုန်၏။ ယင်းကောင်းကင်တမန်များသည် ယင်း(လူသား)အသီးသီးတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ စောင့်ရှောက်ကြကုန်၏။ အမှန်သော်ကား အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၎င်းတို့ကိုယ်တိုင် မိမိ တို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏အပေါ်၌ ဘေးဒုက္ခဆိုက်ရောက်စေရန် ရည်ရွယ်တော်မူခဲ့သည်ရှိသော် (မည်သူတစ်ဦးတစ်ယောက်မျှပင်) ထိုဘေးဒုက္ခကို တွန်းလှန်နိုင်ခြင်းမရှိချေ။ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်မည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိပေ။
هُوَ الَّذِي يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنْشِئُ السَّحَابَ الثِّقَالَ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်မက်ဖွယ်ရာအဖြစ် လည်းကောင်း၊မျှော်လင့်ဖွယ်ရာအဖြစ်လည်းကောင်း ပြတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် လေးလံစွာသောမိုးတိမ်များကို ဖန်ဆင်း (မြှင့်)မြှောက်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَيُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَنْ يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ
၎င်းပြင် ရအ်ဒ် အမည်ရှိသော ကောင်းကင်တမန် (မိုးခြိမ်းသံ)သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်(ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုဘာဝနာစီးဖျန်းလေသည်။ ထိုနည်းတူစွာ(အခြား)ကောင်းကင်တမန်တို့သည်လည်း ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်းအားဖြင့်(ချီးမွမ်းထောပနာပြုခြင်းနှင့်သန့်ရှင်း တော်မူကြောင်းကို ဘာဝနာစီးဖျန်းကြကုန်၏။) ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကြိုးသွားများကို စေလွှတ်တော်မူပြီးနောက် မိမိအလိုရှိတော်မူသောသူ၏အပေါ်ဝယ် ယင်းမိုးကြိုးသွားများကို ကျရောက်စေတော်မူ၏။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ငြင်းခုံလျက် ရှိကြကုန်၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် ဖမ်းဆီးအရေးယူတော်မူသောအရှင်၊(အားအင်အလွန်ကြီးမားသောအရှင်)မြတ်ပင် ဖြစ်တော်မူပေသတည်း။
لَهُ دَعْوَةُ الْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِنْ دُونِهِ لَا يَسْتَجِيبُونَ لَهُمْ بِشَيْءٍ إِلَّا كَبَاسِطِ كَفَّيْهِ إِلَى الْمَاءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَالِغِهِ ۚ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
မှန်ကန်သော ဟစ်ခေါ်တသ ဆုတောင်းပတ္ထနာပြုမှုသည် ထိုအရှင်မြတ်အထံတော်၌သာလျှင် ပြုထိုက်၏။ စင်စစ် ၎င်းတို့ဟစ်ခေါ်တသဆုတောင်း ပတ္ထနာပြုလျက်ရှိကြကုန်သောအရာဝတ္ထုတို့မှာမူကား ၎င်းတို့အား အကြင်သူ (ရရှိသည်)ထက်ပိုမို၍ ပေးစွမ်းနိုင်ကြသည် မရှိချေ။ ထိုသူသည် ရေရှိရာဘက်သို့၊ ထိုရေသည် ၎င်း၏ပါးစပ်ထဲသို့ (အလိုအလျောက်)ရောက်လာအံ့သောငှာ မိမိလက်ဝါးနှစ်ဖက်ကို ဖြန့်၍ထား၏။စင်စစ်မှာမူကားထိုရေသည်(မည်သည့်အခါမျှအလိုအလျောက်)ယင်းပါးစပ်ထဲသို့ ရောက်ရှိလာမည်မဟုတ်ပေ။ အမှန်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၏ဟစ်ခေါ်တသဆုတောင်းပတ္ထနာပြုမှုသည် လွဲမှားမှု၌သာ ရှိနေပေသတည်း။

Choose other languages: