Quran Apps in many lanuages:

Surah An-Nur Ayahs #54 Translated in Burmese

أَفِي قُلُوبِهِمْ مَرَضٌ أَمِ ارْتَابُوا أَمْ يَخَافُونَ أَنْ يَحِيفَ اللَّهُ عَلَيْهِمْ وَرَسُولُهُ ۚ بَلْ أُولَٰئِكَ هُمُ الظَّالِمُونَ
အသို့ပါနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်းဝယ် (ကုဖ်ရ်-နိဖာက်၏) ရောဂါရှိနေသလော၊ သို့တည်းမဟုတ် ၎င်းတို့သည် (တမန်တော်မြတ်၏ တမန်တော်ဖြစ်မှုနှင့်စပ်လျဉ်း၍) ဒွိဟသံသယဖြစ်နေကြသလော။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန် တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့အပေါ်၌ မတရားပြုလုပ်တော်မူမည်ဟု စိုးရိမ်နေကြသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မတရားပြုသူများ ဖြစ်ကြကုန်၏။
إِنَّمَا كَانَ قَوْلَ الْمُؤْمِنِينَ إِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ أَنْ يَقُولُوا سَمِعْنَا وَأَطَعْنَا ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
(သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်၍ ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ၊ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ကြားနာကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည် လိုက်နာကြပါပြီဟူ၍ ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဤကဲ့သို့သော သူသာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။
وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ وَيَخْشَ اللَّهَ وَيَتَّقْهِ فَأُولَٰئِكَ هُمُ الْفَائِزُونَ
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာပါမူ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုမှတစ်ပါး ထိုသူသည် အရှင်မြတ်(၏အမိန့် တော်များကိုဖီဆန်ခြင်းမှ) ရှောင်ကြဉ်ပါမူ ထိုကဲ့သို့သော သူတို့သည်သာလျှင် အလိုဆန္ဒ ပြည့်ဝသူများ ဖြစ်ကြကုန်အံ့သတည်း။
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ أَمَرْتَهُمْ لَيَخْرُجُنَّ ۖ قُلْ لَا تُقْسِمُوا ۖ طَاعَةٌ مَعْرُوفَةٌ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
ထိုမှတပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး အကယ်၍ အသင်သည် ၎င်းတို့အား အမိန့်ပေးခဲ့ပါလျှင် မုချစင်စစ် ၎င်းတို့သည် (အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ထွက်ကြပါမည်ဟု အစွမ်းကုန် ကျိန်တွယ်ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မကျိန်တွယ်ကြကုန်လင့်။ (အသင်တို့၏) အမိန့်နာခံခဲ့မှုသည် ထင်ရှားပြီးဖြစ်သည်။ တစ်နည်း- အသင်တို့အပေါ်၌ စည်းကမ်းနှင့်လျော်ညီစွာ အမိန့်နာခံရန်သာရှိပေသည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
قُلْ أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ ۖ فَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْهِ مَا حُمِّلَ وَعَلَيْكُمْ مَا حُمِّلْتُمْ ۖ وَإِنْ تُطِيعُوهُ تَهْتَدُوا ۚ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်ကြဉ်ခဲ့ကြလျှင် ထိုရစူလ်တမန်တော်မြတ်အပေါ်၌ မိမိတာဝန်ပေးခြင်း ခံခဲ့ရသည်နှင့်အညီ (အမိန့်တော်များကို ပို့ဆောင်ရန်သာ)ရှိပေသည်။ ထိုနည်းတူစွာ အသင်တို့အပေါ်၌လည်း မိမိတို့ တာဝန်ပေးခြင်းခံခဲ့ကြရသည် နှင့်အညီ(အမိန့်တော်များကိုလည်း လိုက်နာရန်သာ)ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကြလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ်၏ အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို) ထင်ရှားပြတ်သားစွာ ပို့ဆောင်ခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။

Choose other languages: