Quran Apps in many lanuages:

Surah An-Nisa Ayahs #64 Translated in Burmese

أَلَمْ تَرَ إِلَى الَّذِينَ يَزْعُمُونَ أَنَّهُمْ آمَنُوا بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ يُرِيدُونَ أَنْ يَتَحَاكَمُوا إِلَى الطَّاغُوتِ وَقَدْ أُمِرُوا أَنْ يَكْفُرُوا بِهِ وَيُرِيدُ الشَّيْطَانُ أَنْ يُضِلَّهُمْ ضَلَالًا بَعِيدًا
(အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့က မိမိတို့သည် အသင့်ထံ ထုတ်ပြန်ပြီးဖြစ်သော (ကုရ်အာန်) ကျမ်းတော်ကိုလည်းကောင်း၊ အသင်၏အလျင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော ကျမ်းတော်များကိုလည်းကောင်း၊ မုချဧကန် သက်ဝင်ယုံကြည်ခဲ့ကြလေပြီ ဟု (ဟန်ဆောင်) ထုတ်ဖေါ်ပြောဆိုကြလေသည်။ (သို့တစေလည်း) ယင်းသူတို့သည် (မိမိတို့၏) အမှုအခင်းများကို ရှိုင်တွာန်ထံသို့ (သွားရောက်) တင်ပြလိုကြကုန်၏။ အမှန်စင်စစ်သော်ကား၊ ယင်းသူတို့သည် ထိုရှိုင်တွာန်ကို မယုံမကြည် သွေဖည်ငြင်းပယ်ကြရန် အမိန့်တော်ရရှိပြီး ဖြစ်ကြကုန်၏။ အမှန်သော်ကား ရှိုင်တွာန်သည် ၎င်းတို့အား ဝေးလံစွာသောလမ်းမှားသို့ ပို့ဆောင်လိုပေသတည်း။
وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنْزَلَ اللَّهُ وَإِلَى الرَّسُولِ رَأَيْتَ الْمُنَافِقِينَ يَصُدُّونَ عَنْكَ صُدُودًا
၎င်းပြင် (တစ်ဦးတစ်ယောက်သောသူသည်) ထိုသူတို့အား “အသင်တို့သည် (တရားစီရင်ဆုံးဖြတ်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော တရားဓမ္မ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ဘက်သို့လည်းကောင်း၊ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း လာကြလေကုန်” ဟု ပြောဆိုသောအခါ၊ အသင်သည် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့အား မိမိထံ (လာရောက်ခြင်း) မှ ဖဲကြဉ်သွေရှောင်ကြသည်ကို တွေ့မြင်ရပေအံ့။
فَكَيْفَ إِذَا أَصَابَتْهُمْ مُصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ ثُمَّ جَاءُوكَ يَحْلِفُونَ بِاللَّهِ إِنْ أَرَدْنَا إِلَّا إِحْسَانًا وَتَوْفِيقًا
တစ်ဖန် ထိုသူတို့၌ မိမိတို့၏ ကိုယ်ထိလက်ရောက်ပြုလုပ်မှုများကြောင့်ပင် တစ်စုံတစ်ရာ ဘေးဥပါဒ်အန္တရာယ်သည် ဆိုက်ရောက်လတ်သော် (ထိုသူတို့သည်) မည်သို့ဖြစ်သွားကြသနည်း။ ထို (သို့ဖြစ်ကြပြီး) နောက် ထိုသူတို့ကား “ကျွန်တော်များသည် အကောင်းဖြစ်စေခြင်းနှင့် (အချင်းချင်း) စိတ်တူက�ုယ်မျှ ဖြစ်စေခြင်းမှတစ်ပါး အခြား မည်သည်ကိုမျှ ရည်စူးခဲ့ကြသည်မဟုတ်ပါ” ဟူ၍ အလ္လာဟ်ရှင်မြတ်အား တိုင်တည်ကျိန်ဆိုလျက် အသင့်ထံ လာကြကုန်သတည်း။
أُولَٰئِكَ الَّذِينَ يَعْلَمُ اللَّهُ مَا فِي قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُلْ لَهُمْ فِي أَنْفُسِهِمْ قَوْلًا بَلِيغًا
ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။
وَمَا أَرْسَلْنَا مِنْ رَسُولٍ إِلَّا لِيُطَاعَ بِإِذْنِ اللَّهِ ۚ وَلَوْ أَنَّهُمْ إِذْ ظَلَمُوا أَنْفُسَهُمْ جَاءُوكَ فَاسْتَغْفَرُوا اللَّهَ وَاسْتَغْفَرَ لَهُمُ الرَّسُولُ لَوَجَدُوا اللَّهَ تَوَّابًا رَحِيمًا
အမှန်စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပါင်းတို့အား စေလွှတ်တော်မူခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (လူခပ်သိမ်းတို့သည်) ထိုရစူလ်တမန်တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်သာလျှင် ဖြစ်ပေသည်။ တစ်ဖန် အကယ်၍သာ ထိုသူတို့သည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူပြုမိခဲ့ကြလျှင် အသင့်ထံလာကြ၍ အလ္လာဟ်အရှင်မြတ်ထံတော်၌ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော်၊ ၎င်းပြင် ရစူလ်တမန်တော်ကလည်း ၎င်းတို့အဖို့ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်အဖြစ်လည်ကောင်း တွေ့ရှိကြရမည်မှာ မလွဲဧကန်တည်း။

Choose other languages: