Quran Apps in many lanuages:

Surah An-Nisa Ayahs #162 Translated in Burmese

بَلْ رَفَعَهُ اللَّهُ إِلَيْهِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ထိုသို့အလျင်းမဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ထိုနဗီတမန်တော်အီစာအား မိမိအထံတော်သို့ ပင့်ချီမယူတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အား ကြီးမားတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် အလွန်ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။
وَإِنْ مِنْ أَهْلِ الْكِتَابِ إِلَّا لَيُؤْمِنَنَّ بِهِ قَبْلَ مَوْتِهِ ۖ وَيَوْمَ الْقِيَامَةِ يَكُونُ عَلَيْهِمْ شَهِيدًا
၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား ယုံကြည်ကြကုန်အံ့။ ထို့ပြင်တဝ ယင်းနဗီတမန်တော်အီစာသည် ‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် ယင်း (ယဟူဒီ) တို့နှင့်ပတ်သက်၍ သက်သေခံလိမ့်မည် ဖြစ်ချေသတည်း။
فَبِظُلْمٍ مِنَ الَّذِينَ هَادُوا حَرَّمْنَا عَلَيْهِمْ طَيِّبَاتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَنْ سَبِيلِ اللَّهِ كَثِيرًا
တစ်ဖန် ယဟူဒီတို့၏ (ယင်းကဲ့သို့သော) ကျူးကျော်မှုကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ (လူတို့အား) များစွာ ပိတ်ပင်တားဆီးမှုကြောင့်လည်းကောင်း၊ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ (ယခင်မူလက) ခွင့်ပြုထားသော သန့်စင်ကောင်းမွန်သောအရာများကို ၎င်းတို့အပေါ်၌ ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့လေသည်။
وَأَخْذِهِمُ الرِّبَا وَقَدْ نُهُوا عَنْهُ وَأَكْلِهِمْ أَمْوَالَ النَّاسِ بِالْبَاطِلِ ۚ وَأَعْتَدْنَا لِلْكَافِرِينَ مِنْهُمْ عَذَابًا أَلِيمًا
ထို့ပြင်တဝ ထိုသူတို့၏ အတိုးအညွန့်ကို ယူငင် (စားသုံး) မှုကြောင့်လည်းကောင်း၊ အမှန်မှာ ထိုသူတို့သည် ထို (သို့ အတိုးအညွန့်စားသုံးခြင်း) မှ မြစ်တားခြင်းခံခဲ့ကြရပေပြီ။ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးမှုကြောင့်လည်းကောင်း၊ (ငါအရှင်မြတ်သည် ထိုသူတို့အဖို့ ကောင်းမွန်သောအရာများကို မြစ်တားတော်မူခဲ့လေသည်။) ထိုမှတစ်ပါးတုံ ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ သွေဖည်ငြင်းပယ်သောသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
لَٰكِنِ الرَّاسِخُونَ فِي الْعِلْمِ مِنْهُمْ وَالْمُؤْمِنُونَ يُؤْمِنُونَ بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ ۚ وَالْمُقِيمِينَ الصَّلَاةَ ۚ وَالْمُؤْتُونَ الزَّكَاةَ وَالْمُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ أُولَٰئِكَ سَنُؤْتِيهِمْ أَجْرًا عَظِيمًا
သို့ရာတွင် ၎င်း (ယဟူဒီ) တို့အနက်မှ ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ခြေမြစ်ခိုင်မာရင့်သန်ကြ၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သောသူတို့သည် အသင့်ထံ ထုတ်ပြန် ချမှတ်ပြီးဖြစ်သော ကျမ်းဂန်ကိုလည်းကောင်း၊ အသင်၏အလျင် (အခြားအခြားသောနဗီတမန်တော်များထံ ထုတ်ပြန်ချမှတ်ပြီးဖြစ်သော ကျမ်းဂန်တို့ကိုလည်ကောင်း၊ ယုံကြည်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် ‘ဆွလာသ်’ဝတ်ပြုမှုကို အမြဲထာဝစဉ် ဆောက်တည်သူများလည်း ဖြစ်ကြကုန်၏။ ထိုမှတစ်ပါးတုံ ‘ဇကာသ်’ တရားဝင်ဒါနကြေးကို ပေးဆောင်သူများလည်းဖြစ်ကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြသူများလည်း ဖြစ်ကြ၏။ ဤကဲ့သို့သောသူများပင်တည်း။ ငါအရှင်မြတ်သည် မုချ ယင်းသူတို့အား ကြီးကျယ် လှစွာသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။ (ရကူ)

Choose other languages: