Quran Apps in many lanuages:

Surah An-Nisa Ayahs #158 Translated in Burmese

وَرَفَعْنَا فَوْقَهُمُ الطُّورَ بِمِيثَاقِهِمْ وَقُلْنَا لَهُمُ ادْخُلُوا الْبَابَ سُجَّدًا وَقُلْنَا لَهُمْ لَا تَعْدُوا فِي السَّبْتِ وَأَخَذْنَا مِنْهُمْ مِيثَاقًا غَلِيظًا
၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့ထံမှ ပဋိညာဉ် ယူခြင်းငှာ ထိုသူထက်ဝယ် ‘တူရ်’ မည်သောတောင်ကို ပင့်မြှောက်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ကို အသင်တို့သည် (မြို့၏) တံခါးပေါက်သို့ ဝပ်တွား၍ဝင်ကြလေကုန် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အား အသင်တို့သည် ‘စဗ်တ်’ (စနေနေ့) ဥပုသ်နေ့နှင့်စပ်လျဉ်း၍ မကျူးလွန်ကြလေနှင့် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့ထံမှ အလွန်ခိုင်မာသောပဋိညာဉ်ကိုလည်း ယူခဲ့တော်မူ၏။
فَبِمَا نَقْضِهِمْ مِيثَاقَهُمْ وَكُفْرِهِمْ بِآيَاتِ اللَّهِ وَقَتْلِهِمُ الْأَنْبِيَاءَ بِغَيْرِ حَقٍّ وَقَوْلِهِمْ قُلُوبُنَا غُلْفٌ ۚ بَلْ طَبَعَ اللَّهُ عَلَيْهَا بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ထို့နောက် ၎င်းတို့သည် မိမိတို့ထားရှိကြကုန်သော ပဋိညာဉ်ဝန်ခံချက်ကို ဖောက်ဖျက်ခြင်းကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းပယ်ခြင်း ကြောင့်လည်းကောင်း၊ နဗီတမန်တော်များကို မတရားသဖြင့် သတ်ဖြတ်ခြင်းကြောင့်လည်းကောင်း၊ ယင်းသူတို့က (နဗီတမန်တော်မုဟမ္မဒ်အား) “ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဖုံးအုပ် (လုံခြုံ) ပြီး ဖြစ်လေသည်” ဟု ပြောဆိုခြင်းကြောင့်လည်းကောင်း၊ (ပြစ်ဒဏ်အမျိုးမျိုးတို့ကို ခံစားခဲ့ကြရလေသည်) ။ စင်စစ်သော်ကား (၎င်းတို့၏စိတ်နှလုံးသည်) ထိုသို့ အလျင်း ဖုံးအုပ်နေသည် မဟုတ်ပေ။ အမှန်မှာ ထိုသူတို့၏ ငြင်းပယ်သွေဖည်မှုကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူခဲ့လေသည်။ သို့အတွက်ကြောင့် ၎င်းတို့သည် အနည်းငယ်မျှသာ ယုံကြည်ကြ ကုန်သတည်း။
وَبِكُفْرِهِمْ وَقَوْلِهِمْ عَلَىٰ مَرْيَمَ بُهْتَانًا عَظِيمًا
၎င်းပြင် ထိုသူတို့၏ သွေဖည် ငြင်းပယ်မှုကြောင့်လည်းကောင်း၊ မရ်ယမ်၏အပေါ်ဝယ် အကြီးအကျယ် ယိုးစွပ်ခြင်းကြောင့်လည်းကောင်း။
وَقَوْلِهِمْ إِنَّا قَتَلْنَا الْمَسِيحَ عِيسَى ابْنَ مَرْيَمَ رَسُولَ اللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِنْ شُبِّهَ لَهُمْ ۚ وَإِنَّ الَّذِينَ اخْتَلَفُوا فِيهِ لَفِي شَكٍّ مِنْهُ ۚ مَا لَهُمْ بِهِ مِنْ عِلْمٍ إِلَّا اتِّبَاعَ الظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًا
ထိုမှတပါးတုံ ယင်းသူတို့က ဧကန်စင်စစ် “ကျွန်ုပ်တို့သည် မရ်ယမ်၏သား အလ္လာဟ်အရှင်မြတ်၏‘ရစူလ်’ တမန်တော် ‘မစီဟ် အီစာ’ ကို သတ်ဖြတ်ခဲ့ကြကုန်သည်” ဟု ပြောဆိုခြင်းကြောင့် (ငါအရှင်မြတ်သည် ထိုသူတို့ကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တော်မူခဲ့၏။) အမှန်စင်စစ်သော်ကား ယင်းသူတို့သည် ထို�ဗီတမန်တော်အီစာကို သတ်ဖြတ်နိုင်ခဲ့ကြသည်လည်းမဟုတ်ပေ။ လက်ဝါးကပ်တိုင် တင်နိုင်ခဲ့ကြသည်လည်းမဟုတ်ချေ။ အမှန်မှာကား ၎င်းတို့အဖို့မှာ (လက်ဝါးကပ်တိုင်အတင်ခံရသောသူ၏ အဆင်းသဏ္ဍာန်သည်) ဆင်တူယိုးမှားဖြစ်စေခြင်း ခံရခဲ့လေသည်။ ၎င်းပြင် ဧကန်စင်စစ် ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ကွဲလွဲငြင်းခုံကြကုန်သောသူတို့ကား ယင်းနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ဒွိဟသံသယ၌သာ (နစ်မွန်းလျက်) ရှိနေကြသည်မှာ မလွဲဧကန်တည်း။ ၎င်းတို့၌ ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ (မိမိတို့၏ မဟုတ်မမှန်သော) ထင်မြင်ယူဆချက်ကို လိုက်နာခြင်းမှတစ်ပါး (တိကျမှန်ကန်သော) အသိတရားဟူ၍ အလျင်းမရှိချေ။ စင်စစ်သော်ကား ယင်းသူတို့သည် ထိုနဗီတမန်တော်အီစာအား အမှန်စင်စစ် သတ်ဖြတ်နိုင်ခဲ့ကြသည်မဟုတ်ပေ။
بَلْ رَفَعَهُ اللَّهُ إِلَيْهِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ထိုသို့အလျင်းမဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ထိုနဗီတမန်တော်အီစာအား မိမိအထံတော်သို့ ပင့်ချီမယူတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အား ကြီးမားတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် အလွန်ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။

Choose other languages: