Quran Apps in many lanuages:

Surah An-Nisa Ayahs #160 Translated in Burmese

وَبِكُفْرِهِمْ وَقَوْلِهِمْ عَلَىٰ مَرْيَمَ بُهْتَانًا عَظِيمًا
၎င်းပြင် ထိုသူတို့၏ သွေဖည် ငြင်းပယ်မှုကြောင့်လည်းကောင်း၊ မရ်ယမ်၏အပေါ်ဝယ် အကြီးအကျယ် ယိုးစွပ်ခြင်းကြောင့်လည်းကောင်း။
وَقَوْلِهِمْ إِنَّا قَتَلْنَا الْمَسِيحَ عِيسَى ابْنَ مَرْيَمَ رَسُولَ اللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِنْ شُبِّهَ لَهُمْ ۚ وَإِنَّ الَّذِينَ اخْتَلَفُوا فِيهِ لَفِي شَكٍّ مِنْهُ ۚ مَا لَهُمْ بِهِ مِنْ عِلْمٍ إِلَّا اتِّبَاعَ الظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًا
ထိုမှတပါးတုံ ယင်းသူတို့က ဧကန်စင်စစ် “ကျွန်ုပ်တို့သည် မရ်ယမ်၏သား အလ္လာဟ်အရှင်မြတ်၏‘ရစူလ်’ တမန်တော် ‘မစီဟ် အီစာ’ ကို သတ်ဖြတ်ခဲ့ကြကုန်သည်” ဟု ပြောဆိုခြင်းကြောင့် (ငါအရှင်မြတ်သည် ထိုသူတို့ကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တော်မူခဲ့၏။) အမှန်စင်စစ်သော်ကား ယင်းသူတို့သည် ထို�ဗီတမန်တော်အီစာကို သတ်ဖြတ်နိုင်ခဲ့ကြသည်လည်းမဟုတ်ပေ။ လက်ဝါးကပ်တိုင် တင်နိုင်ခဲ့ကြသည်လည်းမဟုတ်ချေ။ အမှန်မှာကား ၎င်းတို့အဖို့မှာ (လက်ဝါးကပ်တိုင်အတင်ခံရသောသူ၏ အဆင်းသဏ္ဍာန်သည်) ဆင်တူယိုးမှားဖြစ်စေခြင်း ခံရခဲ့လေသည်။ ၎င်းပြင် ဧကန်စင်စစ် ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ကွဲလွဲငြင်းခုံကြကုန်သောသူတို့ကား ယင်းနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ဒွိဟသံသယ၌သာ (နစ်မွန်းလျက်) ရှိနေကြသည်မှာ မလွဲဧကန်တည်း။ ၎င်းတို့၌ ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ (မိမိတို့၏ မဟုတ်မမှန်သော) ထင်မြင်ယူဆချက်ကို လိုက်နာခြင်းမှတစ်ပါး (တိကျမှန်ကန်သော) အသိတရားဟူ၍ အလျင်းမရှိချေ။ စင်စစ်သော်ကား ယင်းသူတို့သည် ထိုနဗီတမန်တော်အီစာအား အမှန်စင်စစ် သတ်ဖြတ်နိုင်ခဲ့ကြသည်မဟုတ်ပေ။
بَلْ رَفَعَهُ اللَّهُ إِلَيْهِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ထိုသို့အလျင်းမဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ထိုနဗီတမန်တော်အီစာအား မိမိအထံတော်သို့ ပင့်ချီမယူတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အား ကြီးမားတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် အလွန်ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။
وَإِنْ مِنْ أَهْلِ الْكِتَابِ إِلَّا لَيُؤْمِنَنَّ بِهِ قَبْلَ مَوْتِهِ ۖ وَيَوْمَ الْقِيَامَةِ يَكُونُ عَلَيْهِمْ شَهِيدًا
၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား ယုံကြည်ကြကုန်အံ့။ ထို့ပြင်တဝ ယင်းနဗီတမန်တော်အီစာသည် ‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် ယင်း (ယဟူဒီ) တို့နှင့်ပတ်သက်၍ သက်သေခံလိမ့်မည် ဖြစ်ချေသတည်း။
فَبِظُلْمٍ مِنَ الَّذِينَ هَادُوا حَرَّمْنَا عَلَيْهِمْ طَيِّبَاتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَنْ سَبِيلِ اللَّهِ كَثِيرًا
တစ်ဖန် ယဟူဒီတို့၏ (ယင်းကဲ့သို့သော) ကျူးကျော်မှုကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ (လူတို့အား) များစွာ ပိတ်ပင်တားဆီးမှုကြောင့်လည်းကောင်း၊ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ (ယခင်မူလက) ခွင့်ပြုထားသော သန့်စင်ကောင်းမွန်သောအရာများကို ၎င်းတို့အပေါ်၌ ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့လေသည်။

Choose other languages: