Surah An-Nisa Ayahs #18 Translated in Burmese
وَمَنْ يَعْصِ اللَّهَ وَرَسُولَهُ وَيَتَعَدَّ حُدُودَهُ يُدْخِلْهُ نَارًا خَالِدًا فِيهَا وَلَهُ عَذَابٌ مُهِينٌ
သို့ရာတွင် အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း သွေဖည်ငြင်းပယ်၍ ထိုအရှင်မြတ်၏ စည်းမျဉ်းဥပဒေများကိုလည်း ကျူးကျော်ဖောက်ဖျက်သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းသူအား (ငရဲ) မီးထဲသို့ ဝင်ရောက်စေတော်မူအံ့။ ထိုသူသည် ယင်း (ငရဲမီး) ထဲ၌ ထာဝစဉ် နေထိုင်ရပေမည်။ ၎င်းပြင် ထိုသူအဖို့ ဂုဏ်အသရေပျက်ပြားစေသော အပြစ်ဒဏ်သည်လည်းရှိအံ့။
وَاللَّاتِي يَأْتِينَ الْفَاحِشَةَ مِنْ نِسَائِكُمْ فَاسْتَشْهِدُوا عَلَيْهِنَّ أَرْبَعَةً مِنْكُمْ ۖ فَإِنْ شَهِدُوا فَأَمْسِكُوهُنَّ فِي الْبُيُوتِ حَتَّىٰ يَتَوَفَّاهُنَّ الْمَوْتُ أَوْ يَجْعَلَ اللَّهُ لَهُنَّ سَبِيلًا
ထို့ပြင်တဝ အသင်တို့၏ ဇနီးမိန်းမတို့အနက်မှ အကြင်မိန်းမတို့သည် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါလျှင်၊ အသင်တို့သည် ထိုဇနီးမိန်းမများအပေါ်၌ မိမိတို့အနက်မှ (ယောက်ျား) လေးယောက်တို့ကို သက်သေထားရှိကြလေကုန်။ အကယ်၍ ထိုသူလေးဦးတို့က (အမှန်အကန်) သက်သေခံခဲ့ကြပါမူ အသင်တို့သည် ယင်းမိန်းမတို့အား အိမ်များအတွင်း၌ ထိုသူမတို့ အသက်သေဆုံးသည့်တိုင်အောင်ဖြစ်စေ၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည် ထိုသူမတို့အဖို့ တစ်စုံတစ်ရာနည်းလမ်းကို ပြုလုပ်ပေးသည့်တိုင်အောင်ဖြစ်စေ အကျဉ်းချထားကြလေကုန်။
وَاللَّذَانِ يَأْتِيَانِهَا مِنْكُمْ فَآذُوهُمَا ۖ فَإِنْ تَابَا وَأَصْلَحَا فَأَعْرِضُوا عَنْهُمَا ۗ إِنَّ اللَّهَ كَانَ تَوَّابًا رَحِيمًا
၎င်းပြင် အသင်တို့အနက်မှ အကြင်သူနှစ်ဦးတို့သည် ယင်းကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါမူ အသင်တို့သည် ထိုသူနှစ်ဦးကို ဒုက္ခပေးကြလေကုန်။ တစ်ဖန် အကယ်၍ ထိုသူတို့နှစ်ဦးသည် (နောင်တ တရားရရှိကာ မိမိတို့အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခြင်းငှါ) ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်သွားခဲ့ကြပါမူ အသင်တို့သည် ယင်းသူတို့နှစ်ဦး (အားဒုက္ခပေးခြင်း) မှ ရှောင်ရှားကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဝန်ချတောင်းပန်သူများဘက်သို့) အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသောအရှင်၊ အလွန်သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
إِنَّمَا التَّوْبَةُ عَلَى اللَّهِ لِلَّذِينَ يَعْمَلُونَ السُّوءَ بِجَهَالَةٍ ثُمَّ يَتُوبُونَ مِنْ قَرِيبٍ فَأُولَٰئِكَ يَتُوبُ اللَّهُ عَلَيْهِمْ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
အလ္လာဟ်အရှင်မြတ်အပေါ်၌ အကြင်သူတို့၏ ဝန်ချတောင်းပန်ချက်ကိုသာလျှင် သဘောတူလက်ခံတော်မူရန် တာဝန်ရှိပေသည်။ ထိုသူတို့သည် မသိမိုက်မဲမှုကြောင့် ဒုစရိုက်မှုကိုပြုမိကြ၏။ ထို့နောက် မကြာမီအတွင်း ထိုသူတို့သည် (သတိသံဝေဂ နောင်တရရှိကာ) ဝန်ချတောင်းပန်ကြ၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ (ကရုဏာတော်နှင့်) ပြန်လှည့်တော်မူလေသည်။ စင်စစ် အလ္လာဟ်အရှင်အရှင်မြတ်သည် အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။
وَلَيْسَتِ التَّوْبَةُ لِلَّذِينَ يَعْمَلُونَ السَّيِّئَاتِ حَتَّىٰ إِذَا حَضَرَ أَحَدَهُمُ الْمَوْتُ قَالَ إِنِّي تُبْتُ الْآنَ وَلَا الَّذِينَ يَمُوتُونَ وَهُمْ كُفَّارٌ ۚ أُولَٰئِكَ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
သို့ရာတွင် အကြင်သူတို့အဖို့ ဝန်ချတောင်းပန်ချက်ကား မရှိပေ။ ထိုသူတို့သည် ဒုစရိုက်မှုများကို ပြုကျင့်လျက်ရှိကြ၏။ (ယင်းကဲ့သို့ ဒုစရိုက်မှုများတွင် နစ်မွန်းလျက်ရှိကြပေရာ နောက်ဆုံးတွင်) ထိုသူတို့အနက် တစ်ဦးတစ်ယောက်ထံသို့ သေခြင်းတရားသည် ရောက်ရှိလာလေတော့၏။ ထိုအခါ ထိုသူက “ကျွန်တော်မျိုးသည် ယခု မုချတောင်းပန်ပါပြီ” ဟု လျှောက်ထားလေသည်။ ၎င်းပြင် အကြင်သူများအဖို့လည်း ဝန်ချတောင်းပန်ခြင်းကား မရှိပေ။ ထိုသူများသည် ကာဖိရ်များအဖြစ်နှင့်ပင် သေဆုံးသွားကြ၏။ ဤသူများ (ကာဖိရ်များ) အဖို့ ငါအရှင်မြတ်သည် ပြင်းပြနာကြင်ဖွယ်ဖြစ်သော အပြစ်ဒဏ်ကို အသင့်ပြုလုပ်ထားတော်မူသည်။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
