Quran Apps in many lanuages:

Surah An-Nahl Ayahs #27 Translated in Burmese

لَا جَرَمَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ لَا يُحِبُّ الْمُسْتَكْبِرِينَ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူို့လျှို့ဝှက်ကြသောအမှုကိစ္စတို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြကုန်သောအမှုကိစ္စတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိတော်မူပေသည်။ ဧကန်အမှန် ထိုအရှင်မြတ်သည် မာန်မာနထောင်လွှားသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။
وَإِذَا قِيلَ لَهُمْ مَاذَا أَنْزَلَ رَبُّكُمْ ۙ قَالُوا أَسَاطِيرُ الْأَوَّلِينَ
ထို့ပြင် ၎င်းတို့ကို အသင်တို့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်က မည်သည့်အရာကို ချပေးသနားတော်မူပါသနည်းဟု မေးမြန်းလေသောအခါ၊ ၎င်းတို့ကရှေးသူဟောင်းတို့နှင့်စပ်လျဉ်း၍ဖန်တီးထားသောဒဏ္ဍာရီဝတ္ထုများပင်ဟုပြောဆိုဖြေကြားလေသည်။
لِيَحْمِلُوا أَوْزَارَهُمْ كَامِلَةً يَوْمَ الْقِيَامَةِ ۙ وَمِنْ أَوْزَارِ الَّذِينَ يُضِلُّونَهُمْ بِغَيْرِ عِلْمٍ ۗ أَلَا سَاءَ مَا يَزِرُونَ
နောက်ဆုံး၌ ၎င်းတို့သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် မိမိတို့၏ ဝန်ထုပ်များကိုလည်း အပြည့် အဝထမ်းဆောင်ကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့)အသိပညာမရှိဘဲ လမ်းလွဲစေခဲ့ကြသောသူတို့၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ကြရပေမည်။ သတိပြုကြလေကုန်။၎င်းတို့သယ်ပိုးထမ်းရွက်ကြကုန်သော ဝန်ထုပ်ဝန်ပိုးသည်အဘယ်မျှဆိုးရွားလှပေသနည်း။
قَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُمْ مِنَ الْقَوَاعِدِ فَخَرَّ عَلَيْهِمُ السَّقْفُ مِنْ فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
ဧကန်အမှန် ၎င်းတို့အလျင်ရှိခဲ့ကြသောသူတို့သည် လျှို့ဝှက်ကြံစည်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် 4င်းတို့၏ အဆောက်အဦကို အခြေမမြစ်မှပြိုပျက်စေတော်မူခဲ့ရာ ၎င်းတို့ထက်မှ အိမ်ခေါင်မိုးသည် ၎င်းတို့အပေါ်၌ ပြိုကျလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ထံပြစ်ဒဏ်သည် ၎င်းတို့ မထင်သောနေရာမှ ဆိုက်ရောက်၍ လာခဲ့လေသည်။
ثُمَّ يَوْمَ الْقِيَامَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تُشَاقُّونَ فِيهِمْ ۚ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ
ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် အရှက်တကွဲ ဖြစ်စေတော်မူမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူမည်။ ငါအရှင်မြတ်၏အကြင်တွဲဖက်ယှဉ်ဖက်များသည်အဘယ်မှာနည်း။ အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍(အမှန်ကိုလက်ခံနာယူသူတို့နှင့်)စိတ်သဘောကွဲလွဲ ပဋိပက္ခဖြစ်လျက် ရှိခဲ့ကြကုန်သည်။ (ထိုအခါ) အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရသောသူတို့က ယနေ့ အရှက်ကွဲမှုသည်လည်းကောင်း၊ ပြစ်ဒဏ်သည်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌သာ ရှိအံ့ဟုပြောဆိုကြပေမည်။

Choose other languages: