Quran Apps in many lanuages:

Surah An-Nahl Ayahs #30 Translated in Burmese

قَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُمْ مِنَ الْقَوَاعِدِ فَخَرَّ عَلَيْهِمُ السَّقْفُ مِنْ فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
ဧကန်အမှန် ၎င်းတို့အလျင်ရှိခဲ့ကြသောသူတို့သည် လျှို့ဝှက်ကြံစည်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် 4င်းတို့၏ အဆောက်အဦကို အခြေမမြစ်မှပြိုပျက်စေတော်မူခဲ့ရာ ၎င်းတို့ထက်မှ အိမ်ခေါင်မိုးသည် ၎င်းတို့အပေါ်၌ ပြိုကျလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ထံပြစ်ဒဏ်သည် ၎င်းတို့ မထင်သောနေရာမှ ဆိုက်ရောက်၍ လာခဲ့လေသည်။
ثُمَّ يَوْمَ الْقِيَامَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تُشَاقُّونَ فِيهِمْ ۚ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ
ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် အရှက်တကွဲ ဖြစ်စေတော်မူမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူမည်။ ငါအရှင်မြတ်၏အကြင်တွဲဖက်ယှဉ်ဖက်များသည်အဘယ်မှာနည်း။ အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍(အမှန်ကိုလက်ခံနာယူသူတို့နှင့်)စိတ်သဘောကွဲလွဲ ပဋိပက္ခဖြစ်လျက် ရှိခဲ့ကြကုန်သည်။ (ထိုအခါ) အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရသောသူတို့က ယနေ့ အရှက်ကွဲမှုသည်လည်းကောင်း၊ ပြစ်ဒဏ်သည်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌သာ ရှိအံ့ဟုပြောဆိုကြပေမည်။
الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ ۖ فَأَلْقَوُا السَّلَمَ مَا كُنَّا نَعْمَلُ مِنْ سُوءٍ ۚ بَلَىٰ إِنَّ اللَّهَ عَلِيمٌ بِمَا كُنْتُمْ تَعْمَلُونَ
ယင်းကာဖိရ်များသည် မိမိတို့ကိုယ်ကို နှိပ်စက်လျက်ရှိနေခဲ့ကြစဉ် ကောင်းကင်တမန်များသည် ၎င်းတို့၏အသက်များကိုနှုတ်ယူခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် ကျွန်တော်မျိုးတို့ မည်သည့်မကောင်းမှုကိုမျှ ပြုလုပ်လျက်ရှိခဲ့ကြသည်မဟုတ်ဟူ၍(ပြောဆိုကာ)ကျိုးနွံလာကြပေမည်။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား(၎င်းတို့သည် မကောင်းမှုများကိုအမှန်ပင် ပြုလုပ်လျက်ရှိခဲ့ကြကုန်၏) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက် ရှိခဲ့ကြသည်တို့ကိုအကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်ပေတော်မူတည်း။
فَادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
သို့ဖြစ်ပေရာ (ယခုမူ) အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏ တံခါးပေါက်များသို့ ထိုဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင်သူများအဖြစ် ဝင်ကြလေကုန်။ စစ်စစ်မှာမူကား မောက်မာပလွှားသူတို့၏ ပြန်လည်ရာ ဌာနသည် အဘယ်မျှဆိုးရွားလှဘိသနည်း။
وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنْزَلَ رَبُّكُمْ ۚ قَالُوا خَيْرًا ۗ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۚ وَلَدَارُ الْآخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ الْمُتَّقِينَ
သို့ရာတွင် (ရှရစ်က်စသည်တို့မှ)ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့ကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချပေးသနားတော်မူပါသနည်းဟု ပြောဆိုမေးမြန်းခဲ့သော်၊ ၎င်းတို့က အလွန်ကောင်းမွန်သောအရာကို(ချပေးသနားတော်မူပါသည်)ဟုပြောဆိုဖြေကြားကြပေသည်။ ကောင်းမှု ပြုလုပ်သူတို့အဖို့ ဤလောက၌လည်း ကောင်းကျိုးရှိပေသည်။ ထိုမှတစ်ပါး တမလွန်ဘဝ၏ ဗိမာန်သည်ကား အမှန်ပင် အကောင်းဆုံးဖြစ်၏။စင်စစ်သော်ကား သူတော်စင်တို့၏နေရာဌာနသည် အမှန်ပင်ကောင်းမြတ်လှပေသည်။

Choose other languages: