Quran Apps in many lanuages:

Surah An-Nahl Ayahs #33 Translated in Burmese

فَادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
သို့ဖြစ်ပေရာ (ယခုမူ) အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏ တံခါးပေါက်များသို့ ထိုဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင်သူများအဖြစ် ဝင်ကြလေကုန်။ စစ်စစ်မှာမူကား မောက်မာပလွှားသူတို့၏ ပြန်လည်ရာ ဌာနသည် အဘယ်မျှဆိုးရွားလှဘိသနည်း။
وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنْزَلَ رَبُّكُمْ ۚ قَالُوا خَيْرًا ۗ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۚ وَلَدَارُ الْآخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ الْمُتَّقِينَ
သို့ရာတွင် (ရှရစ်က်စသည်တို့မှ)ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့ကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချပေးသနားတော်မူပါသနည်းဟု ပြောဆိုမေးမြန်းခဲ့သော်၊ ၎င်းတို့က အလွန်ကောင်းမွန်သောအရာကို(ချပေးသနားတော်မူပါသည်)ဟုပြောဆိုဖြေကြားကြပေသည်။ ကောင်းမှု ပြုလုပ်သူတို့အဖို့ ဤလောက၌လည်း ကောင်းကျိုးရှိပေသည်။ ထိုမှတစ်ပါး တမလွန်ဘဝ၏ ဗိမာန်သည်ကား အမှန်ပင် အကောင်းဆုံးဖြစ်၏။စင်စစ်သော်ကား သူတော်စင်တို့၏နေရာဌာနသည် အမှန်ပင်ကောင်းမြတ်လှပေသည်။
جَنَّاتُ عَدْنٍ يَدْخُلُونَهَا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ لَهُمْ فِيهَا مَا يَشَاءُونَ ۚ كَذَٰلِكَ يَجْزِي اللَّهُ الْمُتَّقِينَ
(ထိုနေအိမ်များမှာ) အမြဲထာဝရ နေထိုင်ကြရမည့် ဥယျာဉ်များပင်။ ထိုသူတော်စင်တို့သည် ယင်းဥယျာဉ်များတွင် ဝင်ရောက်ကြပေမည်။ ယင်းဥယျာဉ်များအောက်၌ မြစ်ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့အဖို့ ယင်းဥယျာဉ်များတွင် ၎င်းတို့အလိုရှိသမျှတို့သည် ရှိချေမည်။အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့အား ဤအတိုင်းပင်အစားပေးတော်မူ၏။
الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَامٌ عَلَيْكُمُ ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ
အကြင်သူ(တော်စင်)တို့အား မလာအိကဟ်ကောင်းကင်တမန်တို့သည် ၎င်းတို့၏အသက်ကို(၎င်းတို့) သန့်ရှင်းစွာရှိနေကြစဉ် နှုတ်ယူကြလေသည်။ (၎င်းပြင်) ထိုမလာအိကဟ် ကောင်းကင်တမန်များက (ထိုသူတော်စင်တို့အားအသက်နုတ်ယူစဉ်အခါ၌ (စလာမွန်အလိုက်ကွန်မ်) ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ရှိပါစေသား။ အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော(ကောင်းမှုသုစရိုက်များ)ကြောင့်ပင် ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက်ကြလေကုန်ဟု ပြောဆိုကြပေမည်။
هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
၎င်း(သွေဖည်ငြင်းပယ်သောသူ)တို့သည် မိမိ ထံမလာအိကဟ် ကောင်းကင်တမန်များ ရောက်ရှိ လာကြခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏အမိန့်တော် ရောက်ရှိလာခြင်းမှတစ်ပါးအခြားတစ်စုံတစ်ရာကို စောင့်မျှော်၍ နေကြသည်မဟုတ်ပေ။၎င်းတို့အလျင် ရှိခဲ့ဘူးကြသော(ရှေးလူဟောင်းတို့) ကလည်းဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြပေသည်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကြကုန်၏။

Choose other languages: