Quran Apps in many lanuages:

Surah An-Nahl Ayahs #35 Translated in Burmese

جَنَّاتُ عَدْنٍ يَدْخُلُونَهَا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ لَهُمْ فِيهَا مَا يَشَاءُونَ ۚ كَذَٰلِكَ يَجْزِي اللَّهُ الْمُتَّقِينَ
(ထိုနေအိမ်များမှာ) အမြဲထာဝရ နေထိုင်ကြရမည့် ဥယျာဉ်များပင်။ ထိုသူတော်စင်တို့သည် ယင်းဥယျာဉ်များတွင် ဝင်ရောက်ကြပေမည်။ ယင်းဥယျာဉ်များအောက်၌ မြစ်ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့အဖို့ ယင်းဥယျာဉ်များတွင် ၎င်းတို့အလိုရှိသမျှတို့သည် ရှိချေမည်။အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့အား ဤအတိုင်းပင်အစားပေးတော်မူ၏။
الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَامٌ عَلَيْكُمُ ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ
အကြင်သူ(တော်စင်)တို့အား မလာအိကဟ်ကောင်းကင်တမန်တို့သည် ၎င်းတို့၏အသက်ကို(၎င်းတို့) သန့်ရှင်းစွာရှိနေကြစဉ် နှုတ်ယူကြလေသည်။ (၎င်းပြင်) ထိုမလာအိကဟ် ကောင်းကင်တမန်များက (ထိုသူတော်စင်တို့အားအသက်နုတ်ယူစဉ်အခါ၌ (စလာမွန်အလိုက်ကွန်မ်) ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ရှိပါစေသား။ အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော(ကောင်းမှုသုစရိုက်များ)ကြောင့်ပင် ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက်ကြလေကုန်ဟု ပြောဆိုကြပေမည်။
هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
၎င်း(သွေဖည်ငြင်းပယ်သောသူ)တို့သည် မိမိ ထံမလာအိကဟ် ကောင်းကင်တမန်များ ရောက်ရှိ လာကြခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏အမိန့်တော် ရောက်ရှိလာခြင်းမှတစ်ပါးအခြားတစ်စုံတစ်ရာကို စောင့်မျှော်၍ နေကြသည်မဟုတ်ပေ။၎င်းတို့အလျင် ရှိခဲ့ဘူးကြသော(ရှေးလူဟောင်းတို့) ကလည်းဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြပေသည်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကြကုန်၏။
فَأَصَابَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
သို့ဖြစ်ပေရာ ၎င်းတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော မကောင်းမှု၏အန္တရာယ်များသည် သက်ရောက်ခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ ပြက်ရယ်သမှု ပြုခဲ့ကြသည့်အရာ(ဝါ)ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းရံခဲ့လေသတည်း။
وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِنْ دُونِهِ مِنْ شَيْءٍ نَحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ دُونِهِ مِنْ شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ
စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏အမိန့်မရဘဲ မည်သည့်တစ်စုံတစ်ရာကိုမျှပင် ဟရာမ်ဟူ၍ မြစ်တားခဲ့ကြမည်လည်းမဟုတ်ပေဟု ပြောဆိုကြကုန်၏။ (အမှန်သော်ကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော (ရှေးသူဟောင်း)တို့သည်လည်း ဤအတိုင်းပင်ပြုခဲ့ကြကုန်၏။ ရစူလ်တမန်တော်များအပေါ်၌ကား(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလူတို့ထံ)ပို့ဆောင်ဟောကြားရန်သာလျှင် တာဝန်ရှိပေသတည်း။

Choose other languages: