Quran Apps in many lanuages:

Surah Al-Mumtahana Ayahs #4 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا عَدُوِّي وَعَدُوَّكُمْ أَوْلِيَاءَ تُلْقُونَ إِلَيْهِمْ بِالْمَوَدَّةِ وَقَدْ كَفَرُوا بِمَا جَاءَكُمْ مِنَ الْحَقِّ يُخْرِجُونَ الرَّسُولَ وَإِيَّاكُمْ ۙ أَنْ تُؤْمِنُوا بِاللَّهِ رَبِّكُمْ إِنْ كُنْتُمْ خَرَجْتُمْ جِهَادًا فِي سَبِيلِي وَابْتِغَاءَ مَرْضَاتِي ۚ تُسِرُّونَ إِلَيْهِمْ بِالْمَوَدَّةِ وَأَنَا أَعْلَمُ بِمَا أَخْفَيْتُمْ وَمَا أَعْلَنْتُمْ ۚ وَمَنْ يَفْعَلْهُ مِنْكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းငှာ လည်းကောင်း၊ ငါအရှင်မြတ်၏ နှစ်မြို့ကျေနပ်မှုကို ဆည်းပူးအံ့သောငှာလည်းကောင်း၊ ထွက်ခဲ့ကြသည်ဖြစ်မူ၊ အသင်တို့သည် ငါအရှင်မြတ်၏ ရန်သူကိုလည်း ကောင်း၊ မိမိတို့၏ ရန်သူကိုလည်းကောင်း၊ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ (လျှို့ဝှက်သတင်းကို) ပို့ကြကုန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အသင်တို့ထံ ရောက်ရှိလာသော အမှန်တရားကို ငြင်းပယ်ခဲ့ကြလေ၏။ ထိုသူတို့သည် ရစူလ်တမန်တော်မြတ်အား နှင်ထုတ်ခဲ့ကြသည်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည် ခဲ့ကြသောကြောင့် ၎င်းတို့သည် အသင်တို့ကိုလည်း နှင်ထုတ်ခဲ့ကြလေ၏။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ လျှို့ဝှက်(သတင်းကို) ပို့ဆောင်ကြငြားလည်း ငါအရှင်မြတ်မှာမူကား အသင်တို့ လျှို့ဝှက်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို ယင်းလျှို့ဝှက်သတင်း ပို့ဆောင်ခြင်းကို ကျူးလွန်ပါမူ ထိုသူသည် ဧကန်မလွဲ ဖြောင့်မတ်သောလမ်းစဉ်မှ တိမ်းပါး လွဲချော်၍ သွားခဲ့လေပြီ။
إِنْ يَثْقَفُوكُمْ يَكُونُوا لَكُمْ أَعْدَاءً وَيَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ وَأَلْسِنَتَهُمْ بِالسُّوءِ وَوَدُّوا لَوْ تَكْفُرُونَ
အကယ်၍ ၎င်းတို့သည် အသင်တို့အပေါ်၌ အရေးသာခဲ့ကြလျှင် အသင်တို့၏ ရန်သူဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြသည့်ပြင် မိမိတို့လက်များဖြင့် လည်းကောင်း၊ မိမိတို့ နှုတ်များဖြင့်လည်းကောင်း၊ အသင်တို့အား ဒုက္ခပေးကြမည်သာ။ ထို့ပြင် ၎င်းတို့သည် အသင်တို့ "ကာဖိရ်"သွေဖည်ငြင်းပယ်သူများ ဖြစ်ကြရန်လည်း လိုလားတောင့်တကြပေသည်။
لَنْ تَنْفَعَكُمْ أَرْحَامُكُمْ وَلَا أَوْلَادُكُمْ ۚ يَوْمَ الْقِيَامَةِ يَفْصِلُ بَيْنَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အသင်တို့၏ ဆွေမျိုးနီးစပ်မှုတို့သည် လည်းကောင်း၊ အသင်တို့၏ သားသမီးတို့သည် လည်းကောင်း၊’ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် အသင်တို့အား အလျှင်း အကျိုးပေးကြမည်မဟုတ်ပေ။ ထိုအရှင်မြတ်သည် အသင်တို့၏အကြား၌ စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَآءُ مِنْكُمْ وَمِمَّا تَعْبُدُونَ مِنْ دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّىٰ تُؤْمِنُوا بِاللَّهِ وَحْدَهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِنْ شَيْءٍ ۖ رَبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ
ဧကန်အမှန် အသင်တို့အဖို့ (နဗီတမန်တော်) `အိဗ်ရာဟီမ်` ၌လည်းကောင်း၊ ထို(နဗီတမန်တော်) အိဗ်ရာဟီမ်နှင့်အတူရှိခဲ့ကြသော သူတို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။ တစ်ရံရောအခါဝယ် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ ဆည်းကပ်ကိုးကွယ်ကြသော အရာများနှင့်လည်းကောင်း၊ မပတ်သက်သူများပင် ဖြစ်ကြ၏။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီ။ အသင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့နှင့် အသင်တို့၏အကြား၌ ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ။ သို့ရာတွင်(နဗီတမန်တော်) အိဗ်ရာဟီဗ်သည် မိမိ၏ဖခင်အား ‘မုချဧကန် ကျွန်ုပ်သည် အသင့်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အသင်နှင့်ပတ်သက်၍ ကျွန်ုပ် တစ်စုံတစ်ရာမျှပင် အခွင့်အာဏာပိုင်ဆိုင်ခြင်း မရှိပြီ’ ဟူသော(နဗီတမန်တော်) ‘အိဗ်ရာဟီမ်’၏ ပြောဆို (ကတိပြု)ချက်မှတစ်ပါး(ယင်းသည့်အချက်ကိုမူကား အသင်တို့သည် လိုက်နာခြင်းမပြုကြရ)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံ လွှဲအပ်ကြပါပြီ။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်ဘက်သို့ သာလျှင် ပြန်လှည့်ကြပါပြီ။ ထိုမှတစ်ပါး နောက်ဆုံး ပြန်လည်ရာစခန်းမှာ အရှင်မြတ်အထံတော်၌ပင် ဖြစ်ပါသည်။

Choose other languages: