Quran Apps in many lanuages:

Surah Al-Maeda Ayahs #100 Translated in Burmese

أُحِلَّ لَكُمْ صَيْدُ الْبَحْرِ وَطَعَامُهُ مَتَاعًا لَكُمْ وَلِلسَّيَّارَةِ ۖ وَحُرِّمَ عَلَيْكُمْ صَيْدُ الْبَرِّ مَا دُمْتُمْ حُرُمًا ۗ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
အသင်တို့အဖို့ (အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်ထားသည့်အချိန်၌) ပင်လယ် (ဝါ) ရေသတ္တဝါများကိုဖမ်းခြင်းနှင့် ၎င်းတို့ကိုစားသုံးခြင်းသည် ဟလာလ်ဟူ၍ ခွင့်ပြုထားပြီးဖြစ်၏။ (သို့ ခွင့်ပြုခြင်းကား) အသင်တို့၏အကျိုးငှာလည်းကောင်း၊ ခရီးသည်များ၏အကျိုးငှာလည်းကောင်း ဖြစ်ပေသည်။ သို့ရာတွင် အသင်တို့ အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိသမျှကာလပတ်လုံး ကုန်းသတ္တဝါများကိုမူ အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ပြီးဖြစ်ချေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို (အလ္လာဟ်) အရှင်မြတ်ထံတော်၌သာ အသင်တို့သည် (ပြန်လည်၍) စုရုံးကြရမည်ဖြစ်သည်။
جَعَلَ اللَّهُ الْكَعْبَةَ الْبَيْتَ الْحَرَامَ قِيَامًا لِلنَّاسِ وَالشَّهْرَ الْحَرَامَ وَالْهَدْيَ وَالْقَلَائِدَ ۚ ذَٰلِكَ لِتَعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုး အစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေးနှင့် လောကီရေးများ) တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ရှိသမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကို လူသားတို့၏ အကျိုးတည်ရှိနေစေရန် အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ်အရှင်မြတ်အားရည်စူး၍ ဇဗဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
اعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ وَأَنَّ اللَّهَ غَفُورٌ رَحِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသောအရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတည်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည် ကောင်းစွာသိထားကြလေကုန်။
مَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။
قُلْ لَا يَسْتَوِي الْخَبِيثُ وَالطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ الْخَبِيثِ ۚ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تُفْلِحُونَ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ)

Choose other languages: