Quran Apps in many lanuages:

Surah Al-Maeda Ayahs #87 Translated in Burmese

وَإِذَا سَمِعُوا مَا أُنْزِلَ إِلَى الرَّسُولِ تَرَىٰ أَعْيُنَهُمْ تَفِيضُ مِنَ الدَّمْعِ مِمَّا عَرَفُوا مِنَ الْحَقِّ ۖ يَقُولُونَ رَبَّنَا آمَنَّا فَاكْتُبْنَا مَعَ الشَّاهِدِينَ
၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကို ကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်) အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏မျက်စိများမှ မျက်ရည်များယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။ (၎င်းပြင်) ယင်းသူတို့က “အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံ သက်သေထွက်ဆိုသောသူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြားကြကုန်သတည်း။
وَمَا لَنَا لَا نُؤْمِنُ بِاللَّهِ وَمَا جَاءَنَا مِنَ الْحَقِّ وَنَطْمَعُ أَنْ يُدْخِلَنَا رَبُّنَا مَعَ الْقَوْمِ الصَّالِحِينَ
ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”
فَأَثَابَهُمُ اللَّهُ بِمَا قَالُوا جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ الْمُحْسِنِينَ
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ (ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့်အတွက်ကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကား ကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့်ဆည်းပူးကြလေသော သူတော်ကောင်းတို့၏ အကျိုးပင်တည်း။
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ်နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် �ါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟု ငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သောသူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။ (ရကူ)
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُحَرِّمُوا طَيِّبَاتِ مَا أَحَلَّ اللَّهُ لَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သောအရာများကို (မိမိတို့အဖို့) (ဟရာမ်) ဟူ၍ ပိတ်ပင်တားမြစ်ခြင်း မပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း (ဥပဒေ) ကိုလည်း ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကို နှစ်သက်မြတ်နိုးတော်မူသည်မဟုတ်ချေ။

Choose other languages: