Quran Apps in many lanuages:

Surah Al-Maeda Ayahs #31 Translated in Burmese

وَاتْلُ عَلَيْهِمْ نَبَأَ ابْنَيْ آدَمَ بِالْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ الْآخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ
၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည် (အလ္လာဟ်အရှင်မြတ်အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး (ဖြစ်သော ညီတော်ဟာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်) ၏ သဘောတူတော်မူခြင်းခံရပြီး အခြားတစ်ဦး (ဖြစ်သောနောင်တော် ကာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ်အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ ကာဗီလ်က ဟာဗီလ်အား) ‘ငါသည် အသင့်ကို မုချသတ်မည်” ဟုပြောဆိုခဲ့၏။ (ဟာဗီလ်က) “အလ္လာဟ်အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို) သဘောတူလက်ခံတော်မူပေသည်” ဟု ပြောကြားလေသည်။
لَئِنْ بَسَطْتَ إِلَيَّ يَدَكَ لِتَقْتُلَنِي مَا أَنَا بِبَاسِطٍ يَدِيَ إِلَيْكَ لِأَقْتُلَكَ ۖ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ
အသင်သည် အကယ်၍ ကျွန်ုပ်အားသတ်ဖြတ်ရန် မိမိလက်ကိုလှမ်းခဲ့အံ့ငြားလည်း ကျွန်ုပ်သည် အသင့်အားသတ်ဖြတ်ရန် အသင့်ဘက်သို့ ကျွန်ုပ်၏လက်ကို လှမ်းမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့်ပင်တည်း။”
إِنِّي أُرِيدُ أَنْ تَبُوءَ بِإِثْمِي وَإِثْمِكَ فَتَكُونَ مِنْ أَصْحَابِ النَّارِ ۚ وَذَٰلِكَ جَزَاءُ الظَّالِمِينَ
“ဧကန်စင်စစ် ကျွန်ုပ် (အားသတ်ဖြတ်ခြင်း) ၏အပြစ်ကိုလည်းကောင်း၊ အသင်၏ (ယခင်) အပြစ်ကိုလည်းကောင်း အသင်သာလျှင် (မိမိပခုံးဖြင့်) ထမ်းဆောင်၍ ပြန်သွားရန် ကျွန်ုပ်ရည်စူး၏။ ထို့နောက် အသင်သည် ငရဲသားတို့တွင် အပါအဝင်ဖြစ်ချေမည်။ အမှန်စင်စစ် ဤသည်သာလျှင် မတော်မတရားပြုမူသောသူတို့၏ အကျိုးတည်း။”
فَطَوَّعَتْ لَهُ نَفْسُهُ قَتْلَ أَخِيهِ فَقَتَلَهُ فَأَصْبَحَ مِنَ الْخَاسِرِينَ
ထို့နောက် ထို (ကာဗီလ်) ၏ စိတ်သည် ၎င်းအား မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ရန် တိုက်တွန်းခဲ့ပေရာ ယင်း (ကာဗီလ်) သည် မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းသည် ကျိုးယုတ်ပျက်ပြားသူတို့အနက် အပါအဝင်ဖြစ်သွားခဲ့လေသတည်း။
فَبَعَثَ اللَّهُ غُرَابًا يَبْحَثُ فِي الْأَرْضِ لِيُرِيَهُ كَيْفَ يُوَارِي سَوْءَةَ أَخِيهِ ۚ قَالَ يَا وَيْلَتَا أَعَجَزْتُ أَنْ أَكُونَ مِثْلَ هَٰذَا الْغُرَابِ فَأُوَارِيَ سَوْءَةَ أَخِي ۖ فَأَصْبَحَ مِنَ النَّادِمِينَ
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူခဲ့လေ၏။ ထိုကျီးကန်းသည် ၎င်း (ကာဗီလ်) အား မိမိညီတော် (ဟာဗီလ်) ၏ ရုပ်ကလာပ်ကို မည်သို့မည်ပုံ (မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်ရမည်ကို ပြသရန်အလို့ငှာ မြေကြီးကို ကုတ်ခြစ်တူးဆွလေသည်။ ထိုအခါ ယင်း (ကာဗီလ်) က “ဪ ငါသည် ဤကျီးကန်းကဲ့သို့ပင် မဖြစ်နိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလေစွတကား။ အကယ်၍သာ (ယင်းကျီးကန်းကဲ့သို့) ဖြစ်နိုင်ခဲ့မူ ငါသည် မိမိညီတော် (ဟာဗီလ်) အား (မြေကြီးတူး၍မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်နိုင်မည်သာဖြစ်ချေသည်” ဟု ပြောဆို (ညည်းညူမြီတမ်း) ခဲ့လေသည်။ ထို့နောက် ၎င်း (ကာဗီလ်) သည် နောင်တရသူတို့တွင် အပါအဝင်ဖြစ်လေသတည်း။

Choose other languages: