Quran Apps in many lanuages:

Surah Al-Kahf Ayahs #61 Translated in Burmese

وَمَنْ أَظْلَمُ مِمَّنْ ذُكِّرَ بِآيَاتِ رَبِّهِ فَأَعْرَضَ عَنْهَا وَنَسِيَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۖ وَإِنْ تَدْعُهُمْ إِلَى الْهُدَىٰ فَلَنْ يَهْتَدُوا إِذًا أَبَدًا
အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့် ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ထိုသူသည် ယင်းသက်သေလက္ခဏာတော်များမှမျက်နှာလွှဲခဲ့လေသည်။ ၎င်းပြင်ထိုသူသည် ၎င်း၏လက်နှစ်ဖက်က ကြိုတင်ပို့နှင့်ပြီးဖြစ် သည့်(ပြစ်မှုဒုစရိုက်)များကိုလည်း မေ့ပျောက်ခဲ့ပေသည်။ ဧကန်စင်စစ်ငါအရှင်မြတ်သည် ထို (ကဲ့သို့သော)သူတို့၏ စိတ်နှလုံးများပေါ်ဝယ်ထိုသူတို့သည်ယင်း(အမှန်တရား)ကို နားမလည်နိုင်ကြရန် အဖုံးအအုပ်များကိုလည်းကောင်း၊ ထိုသူတို့၏ နားပင်းမှုကို လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အကယ်၍အသင်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ် ငြားသော်လည်း ၎င်းတို့သည် ဤအခြေအနေတွင် မည်သည့်အခါ၌မျှပင်လမ်းမှန်ကိုအလျင်းရရှိကြမည် မဟုတ်ပေ။
وَرَبُّكَ الْغَفُورُ ذُو الرَّحْمَةِ ۖ لَوْ يُؤَاخِذُهُمْ بِمَا كَسَبُوا لَعَجَّلَ لَهُمُ الْعَذَابَ ۚ بَلْ لَهُمْ مَوْعِدٌ لَنْ يَجِدُوا مِنْ دُونِهِ مَوْئِلًا
ဧကန်မလွဲ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော် မူပေသည်။အကယ်၍သာ ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ရှာဖွေဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ပြစ်ဒဏ်ကို အစောတလျင် ကျရောက်စေတော်မူခဲ့ပေမည်။သို့ရာတွင် စစ်စစ်မှာမူကား ၎င်းတို့အဖို့ ချိန်းချက်ထားသေအချိန်တစ်ချိန်သည် ရှိနေပေရာ ၎င်းတို့သည် ထိုပြစ်ဒဏ်(ကိုခံစားကြရသည်)မှတစ်ပါး ထွက်ပြေးလွတ်မြောက်ရန် နေရာဌာနတစ်စုံတစ်ခုကိုမျှပင် အလျင်းတွေ့ရှိမည်မဟုတ်ပေတကား။
وَتِلْكَ الْقُرَىٰ أَهْلَكْنَاهُمْ لَمَّا ظَلَمُوا وَجَعَلْنَا لِمَهْلِكِهِمْ مَوْعِدًا
စင်စစ် ဤသည်(တို့သည်)အကြင်မြို့(သူ) ရွာ(သား)များပင်။ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီး တော်မူခဲ့၏။ အမှန်သော်ကားငါအရှင်မြတ်သည် ၎င်းတို့ပျက်စီးကြရန်အလို့ငှာ ချိန်းချက်ထားသောကာလတစ်ခုကို ပြုလုပ်သတ်မှတ်တော်မူခဲ့ပေသတည်း။
وَإِذْ قَالَ مُوسَىٰ لِفَتَاهُ لَا أَبْرَحُ حَتَّىٰ أَبْلُغَ مَجْمَعَ الْبَحْرَيْنِ أَوْ أَمْضِيَ حُقُبًا
၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)မူစာသည် မိမိနောက်ပါတပည့်အား ငါသည် မြစ်နှစ်သွယ်ဆုံရာသို့ ရောက်ရှိသည့်တိုင်အောင် မရပ်မနားသွားပေမည်။ သို့တည်းမဟုတ်ငါသည် နှစ်ရှည်လများ သွား၍ပင်နေမည်ဟု ပြောကြားခဲ့လေသည်။
فَلَمَّا بَلَغَا مَجْمَعَ بَيْنِهِمَا نَسِيَا حُوتَهُمَا فَاتَّخَذَ سَبِيلَهُ فِي الْبَحْرِ سَرَبًا
ထိုနောက် ၎င်း(မူစာနှင့်နောက်ပါတပည့်) နှစ်ဦးစလုံးသည် ထိုမြစ်နှစ်သွယ်ဆုံရာသို့ ရောက်ရှိခဲ့ ကြသော အခါ၎င်းတို့နှစ်ဦးသည် မိမိတို့၏ငါးကို မေ့သွားခဲ့ကြ၏။ စင်စစ်ယင်းငါးသည် မြစ်ထဲတွင် မိမိလမ်းကို အက်ကြောင်းရှည်ကြီးပြုလုပ်လျက် လျှောဆင်း၍ သွားခဲ့လေသည်။

Choose other languages: