Quran Apps in many lanuages:

Surah Al-Kahf Ayahs #64 Translated in Burmese

وَإِذْ قَالَ مُوسَىٰ لِفَتَاهُ لَا أَبْرَحُ حَتَّىٰ أَبْلُغَ مَجْمَعَ الْبَحْرَيْنِ أَوْ أَمْضِيَ حُقُبًا
၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)မူစာသည် မိမိနောက်ပါတပည့်အား ငါသည် မြစ်နှစ်သွယ်ဆုံရာသို့ ရောက်ရှိသည့်တိုင်အောင် မရပ်မနားသွားပေမည်။ သို့တည်းမဟုတ်ငါသည် နှစ်ရှည်လများ သွား၍ပင်နေမည်ဟု ပြောကြားခဲ့လေသည်။
فَلَمَّا بَلَغَا مَجْمَعَ بَيْنِهِمَا نَسِيَا حُوتَهُمَا فَاتَّخَذَ سَبِيلَهُ فِي الْبَحْرِ سَرَبًا
ထိုနောက် ၎င်း(မူစာနှင့်နောက်ပါတပည့်) နှစ်ဦးစလုံးသည် ထိုမြစ်နှစ်သွယ်ဆုံရာသို့ ရောက်ရှိခဲ့ ကြသော အခါ၎င်းတို့နှစ်ဦးသည် မိမိတို့၏ငါးကို မေ့သွားခဲ့ကြ၏။ စင်စစ်ယင်းငါးသည် မြစ်ထဲတွင် မိမိလမ်းကို အက်ကြောင်းရှည်ကြီးပြုလုပ်လျက် လျှောဆင်း၍ သွားခဲ့လေသည်။
فَلَمَّا جَاوَزَا قَالَ لِفَتَاهُ آتِنَا غَدَاءَنَا لَقَدْ لَقِينَا مِنْ سَفَرِنَا هَٰذَا نَصَبًا
တစ်ဖန် ယင်း(မူစာနှင့်နောက်ပါတပည့်)နှစ်ဦးသည်(ယင်းမြစ်နှစ်သွယ်ဆုံရာမှ) ရှေ့သို့ကျော်လွန် လာခဲ့ကြသောအခါ ထိုမူစာက မိမိ နောက်ပါတပည့်အား နံနက်စာကိုကျွန်ုပ်ထံယူခဲ့လော့။ ဧကန်မလွဲ ကျွန်ုပ်တို့သည် မိမိတို့၏ဤခရီးကြောင့် မောပန်းကြရချေပြီဟု ပြောဆိုခဲ့လေသည်။
قَالَ أَرَأَيْتَ إِذْ أَوَيْنَا إِلَى الصَّخْرَةِ فَإِنِّي نَسِيتُ الْحُوتَ وَمَا أَنْسَانِيهُ إِلَّا الشَّيْطَانُ أَنْ أَذْكُرَهُ ۚ وَاتَّخَذَ سَبِيلَهُ فِي الْبَحْرِ عَجَبًا
(ထိုအခါ) ယင်းနောက်ပါတပည့်က (ဤသို့)ပြောဆို ဖြေကြားခဲ့လေသည်။ ကျွန်ုပ်တို့သည် ကျောက်ဆောင်၏အနီးတွင် နားခဲ့ကြသည်ကို (ကိုယ် တော်) သတိရပါလိမ့်မည်။ထိုအခါ ကျွန်ုပ်သည် ဧကန်မလွဲ ငါး(၏ ထူးဆန်းအံ့ဖွယ်သောအကြောင်း)ကို ကိုယ်တော်အား ပြောပြရန်မေ့သွားခဲ့ပါသည်။အမှန်သော်ကား ကျွန်ုပ်အား ယင်း(အကြောင်း)ကို သတိမရနိုင်ရန် ရှိုင်တွာန်မိစ္ဆာကောင်ကသာလျှင် မေ့လျော့စေခဲ့ပါသည်။ စင်စစ် ယင်းငါးသည် မြစ်ထဲတွင် မိမိလမ်းကို ထူးဆန်းအံ့ဩစွာ ပြုလုပ်၍ သွားခဲ့ပါသည်။
قَالَ ذَٰلِكَ مَا كُنَّا نَبْغِ ۚ فَارْتَدَّا عَلَىٰ آثَارِهِمَا قَصَصًا
(ထိုအခါ) ယင်းမူစာက ထို(နေရာ)သည်ပင်ကျွန်ုပ်တို့ ရှာဖွေနေသော(နေရာ)ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။ ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့ ခြေရာများပေါ်၌ ခြေထပ်၍ နောက်သို့ ပြန်ခဲ့ကြလေသည်။

Choose other languages: