Quran Apps in many lanuages:

Surah Al-Hajj Ayahs #46 Translated in Burmese

وَإِنْ يُكَذِّبُوكَ فَقَدْ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَثَمُودُ
စင်စစ်အကယ်၍ ၎င်းတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြပါလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်းမဟုတ်ပေ)။ ဧကန်မလွဲ ထိုသူတို့ထက်အလျင် (နဗီတမန်တော်)နူဟ်၏ အမျိုးသားတို့သည်လည်းကောင်း၊ အာဒ်၏အမျိုးသားတို့သည် လည်းကောင်း၊ဆမူဒ်၏အမျိုးသားတို့သည် လည်းကောင်း၊ မဟုတ်မမှန်ဟူ၍ငြင်းပယ်ခဲ့ကြပြီး ဖြစ်သည်။
وَقَوْمُ إِبْرَاهِيمَ وَقَوْمُ لُوطٍ
ထိုနည်းတူစွာ (နဗီတမန်တော်) အိဗ်ရာဟီမ်၏ အမျိုးသားတို့သည်လည်းကောင်း၊ (နဗီတမန်တော်)လူ(တ်)၏ အမျိုးသားတို့သည်လည်းကောင်း။
وَأَصْحَابُ مَدْيَنَ ۖ وَكُذِّبَ مُوسَىٰ فَأَمْلَيْتُ لِلْكَافِرِينَ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ نَكِيرِ
မဒ်ယန်မြို့သားတို့သည်လည်းကောင်း၊ (ငြင်းပယ်ခဲ့ကြကုန်၏)။ ထိုမှတပါး (နဗီတမန်တော်) မူစာသည်လည်း( Copt အမျိုးသားတို့ဘက်မှ) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခြင်းကို ခံခဲ့ရလေသည်။ ထိုအခါ ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အား (ပြစ်ဒဏ်ခတ်ခြင်းမှခေတ္တ)ရွှေ့ဆိုင်း ထားတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့ဘိသနည်း။
فَكَأَيِّنْ مِنْ قَرْيَةٍ أَهْلَكْنَاهَا وَهِيَ ظَالِمَةٌ فَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئْرٍ مُعَطَّلَةٍ وَقَصْرٍ مَشِيدٍ
စင်စစ် မြောက်မြားစွာသော မြို့ရွာများကို ငါအရှင်မြတ်သည် ယင်းမြို့၊ ရွာ(သား)များ မတရား ကျူးလွန်သူများ ဖြစ်နေကြစဉ် ဖျက်ဆီးတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းမြို့ရွာများ(ရှိတိုက်တာအိမ်ဂေဟာ အစရှိသော အဆောက်အအုံများ ပြိုကျကာ နံရံများ)မှာ ယင်းအဆောက်အအုံများ၏ ခေါင်မိုးများပေါ်သို့ ပြိုကျ(ပျက်စီး)လျက်ရှိနေပေသည်။ ထို့ပြင် များစွာသော ပျက်စီးနေသည့် ရေတွင်းများသည်လည်းကောင်း၊ မြင့်စွင့်သော တိုက်တာအိမ်ဂေဟာ အစရှိသည့် အဆောက်အအုံများသည်လည်းကောင်း၊ (ယခုတိုင်အောင် လက်ငုတ်လက်စအဖြစ်) ကျန်ရှိနေသေး၏။
أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَتَكُونَ لَهُمْ قُلُوبٌ يَعْقِلُونَ بِهَا أَوْ آذَانٌ يَسْمَعُونَ بِهَا ۖ فَإِنَّهَا لَا تَعْمَى الْأَبْصَارُ وَلَٰكِنْ تَعْمَى الْقُلُوبُ الَّتِي فِي الصُّدُورِ
သို့ပါလျက် ၎င်းတို့သည် ပထဝီမြေဝယ် လှည့်လည်သွားလာမှုကို မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင်၊ ထိုသူတို့၌ နားလည်နိုင်သော စိတ်နှလုံးများ သော်လည်းကောင်း၊ ကြားနိုင်သောနားများသော်လည်း ကောင်း၊ ရှိလာကြပေမည်။အကြောင်းမူကား မျက်စိများသည် ကန်းသွားကြသည် မဟုတ်ပေ။ စင်စစ်မှာကား ရင်များ၌ရှိသော စိတ်နှလုံးများသည်သာလျှင် ကန်းသွားလေ့ရှိကြသတည်း။

Choose other languages: