Quran Apps in many lanuages:

Surah Al-Hadid Ayahs #26 Translated in Burmese

مَا أَصَابَ مِنْ مُصِيبَةٍ فِي الْأَرْضِ وَلَا فِي أَنْفُسِكُمْ إِلَّا فِي كِتَابٍ مِنْ قَبْلِ أَنْ نَبْرَأَهَا ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
မည်သည့် ဘေးဒုက္ခမျှပင် ကမ္ဘာမြေ၌ လည်းကောင်း၊ အသင်တို့ကိုယ်၌ လည်းကောင်း၊ ဆိုက်ရ�ာက်သည် မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဘေးဒုက္ခ၊ ကမ္ဘာမြေနှင့်အသင်တို့၏ ဇီဝိန်များကို ဖန်ဆင်းတော်မမူမီကပင်လျှင် မှတ်တမ်းစာအုပ်တွင် (ရေးသား၍ထားတော်မူပြီး ဖြစ်၏)။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်၌ လွယ်ကူလှပေသည်။
لِكَيْلَا تَأْسَوْا عَلَىٰ مَا فَاتَكُمْ وَلَا تَفْرَحُوا بِمَا آتَاكُمْ ۗ وَاللَّهُ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
အသင်တို့သည် မိမိတို့ထံမှ လွတ်သွားသောအရာနှင့် စပ်လျဉ်း၍ ပူဆွေးခြင်းမရှိကြရန် လည်းကောင်း၊ မိမိတို့အား ထိုအရှင်မြတ်က ချီးမြှင့်ပေးသနား တော်မူသောအရာနှင့်စပ်လျဉ်း၍ ဝမ်းမြောက် မော်ကြွားခြင်းမပြုကြရန် လည်းကောင်း၊ (ထိုအရှင်မြတ်သည် အသင်တို့အား ဤသည်ကို သိစေတော်မူခြင်းဖြစ်၏)။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သည့် မာန်မာနထောင်လွှားသူ၊ ဂုဏ်မောက်သူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။
الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ ۗ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
(၎င်းတို့ကား)အကြင်သူများပင်။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင် စေးနှဲကြသည်သာမက၊ သူတစ်ပါးတို့အားလည်း စေးနှဲကြရန် အမိန့်ပေးကြကုန်၏။ စင်စစ်သော်ကား မည်သူမဆို (သုံးစွဲလှူဒါန်း ခြင်းမပြုဘဲ) မျက်နှာလွှဲ၍ ထွက်သွားလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသဂုဏ်ထူးအပေါင်းတို့နှင့် ပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنْزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنْزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَنْ يَنْصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် သံသတ္တုကို ချပေးတော်မူခဲ့၏။ယင်းသံသတ္တု၌ ကြီးကျယ်ပြင်းထန်လှသော စွမ်းအင်ရှိပေသည်။ လူသားတို့အဖို့ အကျိုးကျေးဇူးများလည်း ရှိသည်။ထိုမှတစ်ပါး မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအားလည်းကောင်း၊ ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူအံ့သောငှာ (ချပေးတော်မူခြင်းလည်းဖြစ်၏)။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်မှာမူကား အလွန်တရာ အားအင် ပြည့်စုံသောအရှင်၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُمْ مُهْتَدٍ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။

Choose other languages: