Quran Apps in many lanuages:

Surah Al-Hadid Ayahs #25 Translated in Burmese

سَابِقُوا إِلَىٰ مَغْفِرَةٍ مِنْ رَبِّكُمْ وَجَنَّةٍ عَرْضُهَا كَعَرْضِ السَّمَاءِ وَالْأَرْضِ أُعِدَّتْ لِلَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်သို့ လည်းကောင်း၊ မိုးနှင့်မြေ၏ အကျယ်အဝန်းပမာ ကျယ်ဝန်းသော ‘ဂျန္နတ်’သုခဘုံသို့ လည်းကောင်း၊ ပြိုင်ဆိုင် ပြေးကြလေကုန်။ ယင်း’ဂျန္နတ်’သုခဘုံမှာ အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ အဆင်သင့် ပြုလုပ်ထားရှိပြီး ဖြစ်၏။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် ယင်းကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနား တော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
مَا أَصَابَ مِنْ مُصِيبَةٍ فِي الْأَرْضِ وَلَا فِي أَنْفُسِكُمْ إِلَّا فِي كِتَابٍ مِنْ قَبْلِ أَنْ نَبْرَأَهَا ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
မည်သည့် ဘေးဒုက္ခမျှပင် ကမ္ဘာမြေ၌ လည်းကောင်း၊ အသင်တို့ကိုယ်၌ လည်းကောင်း၊ ဆိုက်ရ�ာက်သည် မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဘေးဒုက္ခ၊ ကမ္ဘာမြေနှင့်အသင်တို့၏ ဇီဝိန်များကို ဖန်ဆင်းတော်မမူမီကပင်လျှင် မှတ်တမ်းစာအုပ်တွင် (ရေးသား၍ထားတော်မူပြီး ဖြစ်၏)။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်၌ လွယ်ကူလှပေသည်။
لِكَيْلَا تَأْسَوْا عَلَىٰ مَا فَاتَكُمْ وَلَا تَفْرَحُوا بِمَا آتَاكُمْ ۗ وَاللَّهُ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
အသင်တို့သည် မိမိတို့ထံမှ လွတ်သွားသောအရာနှင့် စပ်လျဉ်း၍ ပူဆွေးခြင်းမရှိကြရန် လည်းကောင်း၊ မိမိတို့အား ထိုအရှင်မြတ်က ချီးမြှင့်ပေးသနား တော်မူသောအရာနှင့်စပ်လျဉ်း၍ ဝမ်းမြောက် မော်ကြွားခြင်းမပြုကြရန် လည်းကောင်း၊ (ထိုအရှင်မြတ်သည် အသင်တို့အား ဤသည်ကို သိစေတော်မူခြင်းဖြစ်၏)။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သည့် မာန်မာနထောင်လွှားသူ၊ ဂုဏ်မောက်သူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။
الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ ۗ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
(၎င်းတို့ကား)အကြင်သူများပင်။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင် စေးနှဲကြသည်သာမက၊ သူတစ်ပါးတို့အားလည်း စေးနှဲကြရန် အမိန့်ပေးကြကုန်၏။ စင်စစ်သော်ကား မည်သူမဆို (သုံးစွဲလှူဒါန်း ခြင်းမပြုဘဲ) မျက်နှာလွှဲ၍ ထွက်သွားလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသဂုဏ်ထူးအပေါင်းတို့နှင့် ပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنْزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنْزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَنْ يَنْصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် သံသတ္တုကို ချပေးတော်မူခဲ့၏။ယင်းသံသတ္တု၌ ကြီးကျယ်ပြင်းထန်လှသော စွမ်းအင်ရှိပေသည်။ လူသားတို့အဖို့ အကျိုးကျေးဇူးများလည်း ရှိသည်။ထိုမှတစ်ပါး မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအားလည်းကောင်း၊ ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူအံ့သောငှာ (ချပေးတော်မူခြင်းလည်းဖြစ်၏)။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်မှာမူကား အလွန်တရာ အားအင် ပြည့်စုံသောအရှင်၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။

Choose other languages: