Quran Apps in many lanuages:

Surah Al-Hadid Ayahs #19 Translated in Burmese

فَالْيَوْمَ لَا يُؤْخَذُ مِنْكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့ (အားလုံးတို့)၏ နေရာထိုင်ခင်းများမှာ(ငရဲ)မီးပင်ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် အသင်တို့၏အဖော်ဖြစ်၏။ စင်စစ်မှာမူကား ယင်းပြန်လည်ရာစခန်းမှာ ဆိုးယုတ်လှပေစွတကား။
أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَنْ تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။
اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေကို သေလွန် သွေ့ခြောက်ပြီးနောက် ပြန်လည်၍ ရှင်စေတော်မူကြောင်း အသင်တို့သည် ကောင်းစွာ သိရှိထားကြလေကုန်။ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြအံ့သောငှာ သက်သေလက္ခဏာတော်များကို ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ
ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း ခံရသည့်ပြင် ၎င်းတို့အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချိမ့်မည်။
وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ أُولَٰئِكَ هُمُ الصِّدِّيقُونَ ۖ وَالشُّهَدَاءُ عِنْدَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအား လည်းကောင်း၊ ယုံကြည်ကြကုန်သော သူတို့မှာကား ထိုသူတို့သည်ပင်လျှင် ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သစ္စာဝါဒီများ သည်လည်းကောင်း၊ ‘ရှဟီးဒ်’အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများ သည်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ ထိုသူတို့၏(ထူးကဲသော)အကျိုး သည်လည်းကောင်း၊ ထိုသူတို့၏(ထူးကဲသော) ရောင်ခြည် သည်လည်းကောင်း၊ ရှိပေမည်။ သို့ရာတွင် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြကုန်၏။၎င်းပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့မှာ မူကား’ဂျဟန္နမ်’ငရဲသားများပင် ဖြစ်ကြကုန်သတည်း။

Choose other languages: