Quran Apps in many lanuages:

Surah Al-Baqara Ayahs #163 Translated in Burmese

إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلْنَا مِنَ الْبَيِّنَاتِ وَالْهُدَىٰ مِنْ بَعْدِ مَا بَيَّنَّاهُ لِلنَّاسِ فِي الْكِتَابِ ۙ أُولَٰئِكَ يَلْعَنُهُمُ اللَّهُ وَيَلْعَنُهُمُ اللَّاعِنُونَ
ငါအရှင်မြတ်သည် (အတိတ်ခေတ်တွင်) ထင်ရှားသော သက်သေလက္ခဏာတော်များနှင့် တရားဓမ္မကို ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ ထို့နောက်တဖန် လူအများသိနား လည်စိမ့်သောငှာ ထိုသက်သေ လက္ခဏာနှင့် တရားဓမ္မများကို ငါအရှင်မြတ်သည် ကျမ်းဂန်၌ ပွင့်လင်းစွာ ဖွင့်ဟမွက်ကြား ထားသော တရားဒေသနာများကိုပင် အချို့လူများသည် ထိမ် ချန်ထားကြ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများ အား ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။ အခြား ကျိန်ဆဲသူများကလည်း ထိုသူတို့ကို ကျိန်ဆဲကြလေသည်။
إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَبَيَّنُوا فَأُولَٰئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا التَّوَّابُ الرَّحِيمُ
သို့ရာတွင် အကြင်သူတို့သည် (မိမိတို့၏ ချွတ် ယွင်းမှုများကို) ဝန်ချတောင်းပန်ကြအံ့၊ ၎င်းပြင် မိမိတို့၏ အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလွဲပြီး ကုသိုလ်တ�ား ပွားများကြကုန်အံ့၊ ၎င်းပြင် (ကျမ်းလာအမိန့် ပညတ်များကိုလည်း မှန်ကန်စွာ) ထုတ်ဖော်ထင်ရှား စေကြကုန်အံ့။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ထိုသူတို့ဘက်သို့ (မိမိ ကရုဏာတော်ဖြင့်) ပြန်လှည့်တော်မူအံ့။ စင်စစ် တမူကား ငါအရှင် မြတ်သည် (ဝန်ချတောင်းပန် သူများဘက်သို့) အကြိမ်ကြိမ်အဖန်ဖန် ပြန်လှည့်တော်မူထသောအရှင်၊ မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အရှင်မြတ်ဖြစ်တော်မူ၏။
إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ أُولَٰئِكَ عَلَيْهِمْ لَعْنَةُ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ဧကန်အမှန် အကြင်သူတို့သည် တရားဒေသနာတော်များကို မယုံမကြည်သွေဖည်ငြင်းဆန်၍ ကာဖစ်ရ် အဖြစ်နှင့်ပင်သေဆုံးကြ၏။ ယင်းသူတို့ အပေါ်၌ အလ္လာဟ် အရှင်မြတ်၏ ကျိန်ဆဲခြင်း၊ အပါးတော်စေတမန်များ (၏ ကျိန်ဆဲခြင်း၊) လူများ (၏ကျိန်ဆဲခြင်း၊) အားလုံးတို့ (၏ ကျိန်ဆဲ ခြင်းသည် ကျရောက်အံ့။)
خَالِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
(ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ခွင့်လည်း ရရှိကြမည်မဟုတ်ချေ။
وَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ لَا إِلَٰهَ إِلَّا هُوَ الرَّحْمَٰنُ الرَّحِيمُ
စင်စစ်အားဖြင့် တစ်ဆူတည်းဖြစ်တော်မူသော ခဝပ်ကိုးကွယ်ရာ အရှင်သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိချေ။ ထိုအသျှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။

Choose other languages: