Quran Apps in many lanuages:

Surah Al-Baqara Ayahs #165 Translated in Burmese

إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ أُولَٰئِكَ عَلَيْهِمْ لَعْنَةُ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ဧကန်အမှန် အကြင်သူတို့သည် တရားဒေသနာတော်များကို မယုံမကြည်သွေဖည်ငြင်းဆန်၍ ကာဖစ်ရ် အဖြစ်နှင့်ပင်သေဆုံးကြ၏။ ယင်းသူတို့ အပေါ်၌ အလ္လာဟ် အရှင်မြတ်၏ ကျိန်ဆဲခြင်း၊ အပါးတော်စေတမန်များ (၏ ကျိန်ဆဲခြင်း၊) လူများ (၏ကျိန်ဆဲခြင်း၊) အားလုံးတို့ (၏ ကျိန်ဆဲ ခြင်းသည် ကျရောက်အံ့။)
خَالِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
(ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ခွင့်လည်း ရရှိကြမည်မဟုတ်ချေ။
وَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ لَا إِلَٰهَ إِلَّا هُوَ الرَّحْمَٰنُ الرَّحِيمُ
စင်စစ်အားဖြင့် တစ်ဆူတည်းဖြစ်တော်မူသော ခဝပ်ကိုးကွယ်ရာ အရှင်သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိချေ။ ထိုအသျှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَالْفُلْكِ الَّتِي تَجْرِي فِي الْبَحْرِ بِمَا يَنْفَعُ النَّاسَ وَمَا أَنْزَلَ اللَّهُ مِنَ السَّمَاءِ مِنْ مَاءٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِنْ كُلِّ دَابَّةٍ وَتَصْرِيفِ الرِّيَاحِ وَالسَّحَابِ الْمُسَخَّرِ بَيْنَ السَّمَاءِ وَالْأَرْضِ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေမြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်စေပြီး (မြေဩ ဇာဖြစ်စေ၍ သစ်ပင်ဝါးပင် အမျိုးမျိုး ပေါက်ရောက်စေရန် အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ (အလ္လာဟ် အရှင်မြတ်) ပေါက်ပွားပျံ့နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး ၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏အမိန့် တော်ကို) နာခံလျှက်ရှိသော မိုးတိမ်များ၌ လည်းကောင်း၊ နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန်( တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကို ညွှန်ပြသော) သက်သေလက္ခဏာများ ရှိပေသတည်း။
وَمِنَ النَّاسِ مَنْ يَتَّخِذُ مِنْ دُونِ اللَّهِ أَنْدَادًا يُحِبُّونَهُمْ كَحُبِّ اللَّهِ ۖ وَالَّذِينَ آمَنُوا أَشَدُّ حُبًّا لِلَّهِ ۗ وَلَوْ يَرَى الَّذِينَ ظَلَمُوا إِذْ يَرَوْنَ الْعَذَابَ أَنَّ الْقُوَّةَ لِلَّهِ جَمِيعًا وَأَنَّ اللَّهَ شَدِيدُ الْعَذَابِ
သို့ရာတွင် လူသားတို့အနက်မှ အချို့တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ (မိမိတို့၏) ဦးစီးနာယကများကို ကိုးကွယ်ကြလေသည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးဘိသကဲ့သို့ပင် မိမိတို့၏ ဦးစီးနာယကများကို ချစ်ကြည်မြတ်နိုးကြကုန်၏။ သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ရှိကြသူတို့ မှာမူ အလ္လာဟ်အရှင်မြတ် ကိုသာလျှင် အလွန်ထက်သန်သော (ယုံကြည်ခြင်း သဒ္ဓါတရား ဖြင့်) ချစ်ကြည်မြတ်နိုး (ကိုးကွယ်) ကြလေသတည်း။ (တစ်ဆူ တည်းသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရမည်ဟူသောဒေသနာတော်ကို) ကျူးလွန်သူတို့သည် (နောင်တမလွန် ဘဝ၌) အပြစ်ငရဲများကို မျက်ဝါးထင်ထင်တွေ့ မြင်ကြသည့်အခါ အလုံးစုံသော တန်ခိုးအာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌ သာလျှင် တည်ရှိကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်သော ပြစ်ဒဏ်များကို စီရင်တော်မူသောအရှင် ဖြစ်ကြောင်းကို သိရှိကြလိမ့်မည်။ အကယ်၍သာ ထိုကျူးလွန်သူတို့သည် (မိမိတို့ကိုယ်တိုင်တွေ့ ကြုံရမည့် နောင်ရေးများကို) ဤဘဝ၌ပင် ကြိုတင်၍ သိမြင်ထားကြပါမူ ကောင်းလေစွတကား။

Choose other languages: