Quran Apps in many lanuages:

Surah Al-Baqara Ayahs #19 Translated in Burmese

اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
အလ္လာဟ်အရှင်မြတ်သည်(တုံ့ပြန်သော သဘောဖြင့်) ထို(သူတော်ယောင်ဆောင်သော) သူများအား ပြက်ရယ်ကျီစယ်တော်မူသည်။ ထို့ပြင်တဝ ထိုသူတို့ကို မိမိတို့၏ မောက်မာပလွှားမှု၌ ကာလရှည်လျားစွာ လှံထားတော်မူသည်။ သို့ဖြစ်ရာ ထိုသူတို့သည် မမြင်မကန်း တဝေ့လည်လည် ဖြစ်နေကြသည်။
أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ فَمَا رَبِحَتْ تِجَارَتُهُمْ وَمَا كَانُوا مُهْتَدِينَ
မှန်ကန်သော (အစ္စလာမ်) သာသနာကို ပေးလှယ်၍ မှောက်မှားသောတရားကို ဝယ်ယူကြသော အကြင်သူများမှာ ဤသူများပင်၊ ထိုသူများ သည် မိမိတို့၏ (ဤ) ရောင်းဝယ်လဲလှယ်မှု၌ အမြတ်မရရှိသည့်အပြင် တရားရသူများလည်း မဟုတ်ကြချေ။
مَثَلُهُمْ كَمَثَلِ الَّذِي اسْتَوْقَدَ نَارًا فَلَمَّا أَضَاءَتْ مَا حَوْلَهُ ذَهَبَ اللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِي ظُلُمَاتٍ لَا يُبْصِرُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ပမာကို ဆိုရသော် လူတစ်ယောက်သည် (တခဲနက် မှောင်အတိ ကျနေသော ညဉ့်၌ လမ်းကို မြင်နိုင်ခြင်းငှာ) ဆီမီးကိုထွန်းညှိ၏။ ဆီမီးရောင်သည် ထိုသူ၏ပတ်ဝန်းကျင်ကို လင်းဝင်းစေ၏။ သို့လင်းဝင်းသည့်အခိုက် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ အလင်းရောင်ကို နုတ်သိမ်းယူသွားပြီး ထိုသူတို့အား မှောင်တိုက်တွင်းဝယ် ပစ်ပယ်ထားတော်မူရာ ထိုသူတို့သည် တစ်စုံတစ်ခုကိုမျှ မမြင်နိုင်ကြချေ။
صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَرْجِعُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသည် (အမှန်တရားကို မကြားနာလိုကြသည့်အတွက်) နားပင်းသူများလည်း မည်၏။ (ပီယဝါစာ နှစ်သက်ဖွယ်ရာဖြစ်သော စကားကို မပြောဆိုလို ကြသည့်အတွက်) ဆွံ့အ သူများလည်း မည်၏။ (အမြော်အမြင် ဆင်ခြင်တုံတရား မရှိကြသည့်အတွက်) မျက်စိကန်းများလည်း မည်၏။ ထိုကဲ့သို့သော အယောင်ဆောင်များသည် (ဤမျှတိုင် ဆွံ့အ၊ နားပင်း၊ မျက်ကန်းများ ဖြစ်ကြရာ အမှန် တရားဘက်သို့) ပြန်လှည့်ကြမည် မဟုတ်ပေ။
أَوْ كَصَيِّبٍ مِنَ السَّمَاءِ فِيهِ ظُلُمَاتٌ وَرَعْدٌ وَبَرْقٌ يَجْعَلُونَ أَصَابِعَهُمْ فِي آذَانِهِمْ مِنَ الصَّوَاعِقِ حَذَرَ الْمَوْتِ ۚ وَاللَّهُ مُحِيطٌ بِالْكَافِرِينَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ ဥပမာကို တနည်းဆိုရပြန်သော် ထိုသူတို့သည် မိုးတိမ်ဝိုင်းလျက်ရှိသော သူများနှင့် တူကြ၏။ (ဖြစ်အင်ကား) ကောင်းကင်မှ မိုးသက်မုန်တိုင်းသည် သည်းထန်စွာ ရွာသွန်းလျက်ရှိ၏၊ ထိုမိုးကောင်းကင်တွင် တခဲနက်သော အမိုက်မှောင်များ လည်းဖုံးအုပ်လျက်ရှိ၏၊ (ထို မိုးသက်မုန်တိုင်းနှင့် တပါတည်း ပဲ့တင်ထပ်မျှသော) မိုးချုန်းသံလည်း ပါလာ၏။ ထိုရောအခါ မိုးကြိုးစက်သံများ၏ ပြင်းထန်လှစွာသော အသံကို ကြားရသော ထိုသူယုတ်မာတို့သည် သေရမည့်ဘေးကို စိုးရိမ်ပူပန် ကြောင့်ကြသဖြင့် မိမိတို့၏ နားပေါက်များကို လက်ချောင်းများ ဖြင့်ပိတ်ဆို့ထားကြ၏။ (အမှန်သော်ကား) အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မိစ္ဆာဒိဋ္ဌိများအား (မိမိ၏အနန္တ ဘုန်းတေဇာဖြင့်) ဝန်းရံခြုံလျက် ရှိတော်မူပြီဖြစ်ရာ မည်သူ တစ်ဦးတစ်ယောက်မျှ အရှင့်ဘုန်းတေဇာ စက်ကွင်းမှ လွတ်မြောက်၍ ထွက်ခွာသွား နိုင်မည်မဟုတ်ချေ။

Choose other languages: