Quran Apps in many lanuages:

Surah Al-Baqara Ayahs #142 Translated in Burmese

صِبْغَةَ اللَّهِ ۖ وَمَنْ أَحْسَنُ مِنَ اللَّهِ صِبْغَةً ۖ وَنَحْنُ لَهُ عَابِدُونَ
(အို-မုစ်လင်မ် အပေါင်းတို့၊ အသင်တို့သည် ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့ကို ဟယ်-အချင်းတို့ အကျွန်ုပ်တို့ကို) အလ္လာဟ် အရှင်မြတ်သည် (အစ္စလာမ်သာသနာတော်၏) ဆေးရောင်ဖြင့် ချယ်ထားတော် မူလေပြီ။ ထိုအလ္လာဟ်အရှင်မြတ်ထက်ပင် သာ၍ ကောင်းမွန်စွာ ဆေးရောင်ချယ်နိုင်သူ မည်သူရှိပါသေးသနည်း။ ထို့ကြောင့် အကျွန်ုပ်တို့သည် ထိုအလ္လာဟ် အသျှင်မြတ်ကို သာလျှင် ခဝပ်ကိုးကွယ်ကြသူများ ဖြစ်ကြသည် (ဟု ပြောဆိုကြ ကုန်လော့)။
قُلْ أَتُحَاجُّونَنَا فِي اللَّهِ وَهُوَ رَبُّنَا وَرَبُّكُمْ وَلَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ وَنَحْنُ لَهُ مُخْلِصُونَ
အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင်သည် ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍ ငါတို့နှင့် အခြေအတင် ပြောဆိုငြင်းခုံ ကြလေသလော၊ စင်စစ်တမူကား ထိုအရှင်မြတ်သည်သာလျှင် ငါတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ မွေးမြူတော်မူသော အသျှင်တည်း။ ထို့ပြင်တဝ ငါတို့၏ ကိုယ်ကျင့်သီလများသည် ငါတို့အဖို့အရာသာ ဖြစ်သည်၊ ထိုနည်းတူစွာ အသင်တို့၏ ကိုယ်ကျင့်သီလ များသည်လည်း အသင်တို့အဘို့ အရာသာဖြစ်သည်။ ငါတို့သည် ထိုအရှင်မြတ်ကိုသာလျှင် စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြလေသည် ဟု ပြောကြားပါလေ။
أَمْ تَقُولُونَ إِنَّ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطَ كَانُوا هُودًا أَوْ نَصَارَىٰ ۗ قُلْ أَأَنْتُمْ أَعْلَمُ أَمِ اللَّهُ ۗ وَمَنْ أَظْلَمُ مِمَّنْ كَتَمَ شَهَادَةً عِنْدَهُ مِنَ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
အသင်တို့က နဗီတမန်တော်များ ဖြစ်ကြသော အစ်ဗ်ရာဟီမ်(အ)၊ အစ္စမာအီလ်(အ)၊ အစ္စဟာက်(အ)၊ ယအ်ကူဗ်(အ)နှင့် [နဗီတမန်တော် ယအ်ကူဗ်(အ)၏ သားမြေးတို့အနက်] ပွင့်သမျှသော နဗီတမန်တော်များသည် ယဟူဒီ ဘာသာဝင်များ သော်လည်းကောင်း၊ သို့မ ဟုတ် ခရစ်ယာန်ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ခဲ့ကြလေသည်ဟု ပြောဆိုကြလေသလော။ အို-နဗီ တမန်တော် မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ (ဤအကြောင်းကို) အသင်တို့ကပင် ပို၍ သိရှိကြလေသလော၊ သို့တည်းမဟုတ် အလ္လာဟ် အရှင်မြတ်ကပင် ပို၍ပင် သိရှိတော်မူပါသလောဟု မေးပါလေ၊(အကယ်၍ ဤအကြောင်းကို သိလျက်နှင့်ပင် ယင်းသူတို့ လျှို့ဝှက်ထားကြပါလျင်) အလ္လာဟ် အရှင်မြတ် အထံတော်မှ ချပေးသနားတော်မူသော သက်သေခံချက်ကို ထိမ်ချန် လျှို့ဝှက်ထားသောသူထက် သာလွန်၍ မတရား သောသူသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စအဝဝကို လျစ်လျူရှုတော်မူမည့် အရှင်မဟုတ်ပေ။
تِلْكَ أُمَّةٌ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُمْ مَا كَسَبْتُمْ ۖ وَلَا تُسْأَلُونَ عَمَّا كَانُوا يَعْمَلُونَ
ထိုသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသော သာသနာဝင်လူစုဖြစ်ကြကုန်၍ ထိုသူတို့ပြုကျင့် ဆည်းပူးခဲ့သမျှ သောသုစရိုက်မှု ကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ထိုသူတို့ အဘို့သာဖြစ်လေသည်။ ထိုနည်းတူစွာ အသင်တို့ ပြုကျင့် ဆည်းပူးခဲ့သမျှ သော(ကောင်းမှုမကောင်းမှု) တို့၏အကျိုးသည်လည်း သင်တို့အဘို့ အရာသာတည်း။ ထိုမှတပါးအသင်တို့ သည် ထိုသူတို့ပြုကျင့်ခဲ့ကြသော ကိစ္စများနှင့် စပ်လျဉ်း၍ မေးမြန်းခြင်းကို ခံကြရမည်မဟုတ်ပေ။
سَيَقُولُ السُّفَهَاءُ مِنَ النَّاسِ مَا وَلَّاهُمْ عَنْ قِبْلَتِهِمُ الَّتِي كَانُوا عَلَيْهَا ۚ قُلْ لِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
မကြာမီကာလအတွင်း လူတို့အနက်မှ (ကစ်ဗ်လဟ် ပြောင်းလွဲခြင်း၏ သဘောတရားကို နားမလည်ကြသော) လူ့ဗာလတို့က အဘယ်အရာသည် ယင်း မုစ်လင်မ် များကို မိမိတို့၏ နဂိုမူလ မျက်နှာမူရာ အရပ်ဒိသာဘက်မှ ပြောင်းလွဲအောင် ပြုဘိသနည်းဟု မုချ (ကဲ့ရဲ့ပြစ် တင်) ပြောဆိုကြကုန်အံ့။ (အို-နဗီတမန်တော်) အသင်သည် အရှေ့နေထွက်ရာ အရပ်ကိုလည်းကောင်း၊ အနောက် နေဝင်ရာ အရပ်ကိုလည်းကောင်း၊ (အရပ်ရှစ်မျက်နှာ လုံးကို) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူ သည်၊ ထိုအသျှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူကို သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူသည်ဟု (ထိုသူတို့အား) တုံ့ပြန်ဖြေကြား ပါလေ။

Choose other languages: