Quran Apps in many lanuages:

Surah Al-Baqara Ayahs #124 Translated in Burmese

وَلَنْ تَرْضَىٰ عَنْكَ الْيَهُودُ وَلَا النَّصَارَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۗ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَ الَّذِي جَاءَكَ مِنَ الْعِلْمِ ۙ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
အမှန်သော်ကား (အို-ချစ်တမန်တော် အသင်သည် နဗီတမန်တော်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ မည်မျှလောက်ပင် ထောက်ခံချက် သက်သေလက္ခဏာ တော်များကိုဟောပြငြားပါလည်း အချည်းနှီးအကျိုး မဲ့သာဖြစ်အံ့) ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင်မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့်အခါမျှ နှစ်သိမ့်ကျေနပ်ကြမည် မဟုတ်ပေ၊ (သို့ဖြစ်လေရာ အသင်သည် ယင်းသူတို့အား) အလ္လာဟ် အရှင်မြတ် ညွှန်ကြားပြသတော်မူသော တရားလမ်းသည်သာလျှင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်းဟု(ပွင့်လင်းစွာတုံ့ပြန်) ပြောဆိုပါလေ။ ထိုမှတစ်ပါးတုံ (အလ္လာဟ် အရှင်မြတ်အထံတော်မှ) အသင်၏ထံသို့ (ယုံကြည်စိတ်ချဘွယ်ရာသော) အသိတရား ရောက်ရှိလာပြီးသည့်နောက် အကယ်၍သာ အသင်သည် ယင်းသူတို့၏ ယုတ်ညံ့သိမ်ဖျင်းသော အလိုဆန္ဒ များကို လိုက်နာခဲ့အံ့၊ (ထိုသို့သောအခါဝယ်) မည်သူ တစ်ဦးတစ်ယောက်မျှ အလ္လာဟ် အရှင်မြတ်(ပေးတော်မူမည့်အပြစ်ဒဏ်များ)မှ အသင့်အား စောင့်ရှောက်သူ မိတ်သဟာဟူ၍ လည်းကောင်း၊ ကူညီအားပေးစောင်မမည့်သူ ဟူ၍ လည်းကောင်း၊ ရှိမည်မဟုတ်ပေ။
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَتْلُونَهُ حَقَّ تِلَاوَتِهِ أُولَٰئِكَ يُؤْمِنُونَ بِهِ ۗ وَمَنْ يَكْفُرْ بِهِ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
အကြင်သူတို့အား ငါအရှင်မြတ်သည် ဒေသနာတော်ကျမ်းမြတ်ကို ပေးသနားတော်မူခဲ့၏။ အကယ်၍ ထိုသူတို့သည် ယင်းဒေသနာတော် ကျမ်းမြတ်ကို ထိုက်သင့်သောနည်းဖြင့် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် ရွတ်ဘတ်ကြ၍ လိုက်နာကျင့်ကြံကြပါမူ ထိုသူတို့သည်သာလျှင် ကျမ်းတော်မြတ်ကို အမှန်ယုံကြည်သူများ ဖြစ်ကြအံ့၊ အကြင်မည်သူမဆို ယင်းကျမ်းတော်မြတ်ကို ငြင်းပယ်ကြပါမူ ထိုသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ကျရောက်သော သူများပင်ဖြစ်အံ့။
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့အား(အထူးထူးသော) ဂုဏ်ထူးဝိသေသများဖြင့် စကြာဝဋ္ဌာအပေါင်းတို့ထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့လေသည်ကိုလည်း ပြန်လည် သတိရကြလေ�ုန်။
وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنْفَعُهَا شَفَاعَةٌ وَلَا هُمْ يُنْصَرُونَ
ထိုမှတစ်ပါးတုံ (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သေပြီးသည့်နောက် ပြန်လည်ရှင်ပြန်ထကြရမည့်) နေ့ကို အထူးတလည် ကြောက်ရွံ့ကြကုန်၊ အကြောင်းမူကား ထိုနေ့တွင် မည်သူတစ်ဦး တစ်ယောက်မျှ အခြားတစ်ဦး တစ်ယောက်အဘို့ စိုးစဉ်းမျှကိုပင် စွမ်းဆောင်နိုင်မည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ထံမှလည်း အစားလဲလှယ်ပေးခြင်းကို (အလ္လာဟ် အရှင်မြတ်သည်) သဘောတူ လက်ခံမည်မဟုတ်၊ မည်သူတစ်စုံတစ်ယောက်၏ အသနားခံ တောင်းပန် ပေးခြင်းသည်လည်း အခြား တစ်စုံတစ်ယောက်သောသူအဖို့ အကျိုးဖြစ်ထွန်းစေမည်လည်း မဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့သည် မည်သည့်ကူညီ ယိုင်းပင်းမှုကိုမျှလည်း ခံစားကြရမည် မဟုတ်ပေ။
وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَمِنْ ذُرِّيَّتِي ۖ قَالَ لَا يَنَالُ عَهْدِي الظَّالِمِينَ
တဖန် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို ထိုနဗီတမန်တော်အား မွေးမြူ တော်မူသောအရှင်မြတ်သည် အချို့သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စမ်းသပ်တော် မူလေရာ၊ ထိုနဗီတမန်တော်သည် ယင်းကိစ္စ အရပ်ရပ်တို့ကို ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်ခဲ့လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်က (အို-တမန် တော်အစ်ဗ်ရာဟီမ်) မုချဧကန် ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့၏ ရှေ့ဆောင်ဦးစီး နာယကအဖြစ်ခန့်အပ် ခြီးမြှင့်တော်မူအံ့ဟု မိန့်ကြားတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) က (အို-မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော အနန္တကျေးဇူးတော်ရှင်) ကျွန်တော်မျိုး၏သားမြေးတို့အနက်မှလည်း (ထိုနည်းတူစွာ ရှေ့ဆောင်ဦးစီးနာယက အဖြစ် ခန့်အပ်တော် မူပါမည်လော) ဟု လျှောက်ထားပန်ကြားပြန်လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်ကငါအရှင်မြတ်၏ပဋိညာဉ်တော်သည် ပြစ်မှုကျူးလွန်သော မတရားသောသူတို့နှင့် မသက်ဆိုင်ဟု မိန့်ကြားတော်မူလေသတည်း။

Choose other languages: