Quran Apps in many lanuages:

Surah Al-Araf Ayahs #100 Translated in Burmese

وَلَوْ أَنَّ أَهْلَ الْقُرَىٰ آمَنُوا وَاتَّقَوْا لَفَتَحْنَا عَلَيْهِمْ بَرَكَاتٍ مِنَ السَّمَاءِ وَالْأَرْضِ وَلَٰكِنْ كَذَّبُوا فَأَخَذْنَاهُمْ بِمَا كَانُوا يَكْسِبُونَ
အကယ်၍သာ (နဗီတမန်တော်များ ပွင့်ခဲ့ကြလေသော) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြ၍ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ခဲ့ကြပါမူ ငါအရှင်မြတ်သည် ထိုသူတို့အဖို့ မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ မင်္ဂလာအဖြာဖြာတို့ကို မုချဖွင့်ပေးတော်မူခဲ့အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (နဗီတမန်တော် အသီးသီးတို့အား)မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသည့်(ပြစ်မှုဒုစရိုက်များ)ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသတည်း။
أَفَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا بَيَاتًا وَهُمْ نَائِمُونَ
သို့ပါလျက် (မက္ကာဟ်မြို့နှင့်တကွ ပတ်ဝန်းကျင်)မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် ညအခါ၌ ၎င်းတို့အိပ်ပျော်နေကြစဉ် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (ရုတ်တရက်) ၎င်းတို့ထံ ရောက်ရှိလာမည်ကိုစိုးရိမ်ခြင်းကင်းမဲ့၍ စိတ်ချ၍နေကြပါသလော။
أَوَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا ضُحًى وَهُمْ يَلْعَبُونَ
သို့တည်းမဟုတ် (ထိုမက္ကာဟ်မြို့နှင့် ပတ်ဝန်းကျင်) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြသူတို့သည် နံနက်နေတက်ချိန်တွင်၎င်းတို့ ကစားခုန်စားလျက်ရှိနေကြစဉ် ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် (ရုတ်တရတ်) 4င်းတို့ထံရောက်ရှိလာမည်ကို ကြောင့်ကြခြင်းကင်းမဲ့၍ စိတ်ချပြီးနေကြပါသလော။
أَفَأَمِنُوا مَكْرَ اللَّهِ ۚ فَلَا يَأْمَنُ مَكْرَ اللَّهِ إِلَّا الْقَوْمُ الْخَاسِرُونَ
င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုကို စိုးရိမ်ခြင်းကင်းမဲ့ကာ စိတ်ချ၍နေကြပါသလော။ သို့ဖြစ်လျှင် နစ်နာဆုံးရှုံးသူတို့မှအပ အလ္လာဟ်အရှင်မြတ်၏ အကြံအစည်ကို စိုးရိမ်ကင်းမဲ့သူဟူ၍ တဦးတယောက်မျှမရှိပြီ။
أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ الْأَرْضَ مِنْ بَعْدِ أَهْلِهَا أَنْ لَوْ نَشَاءُ أَصَبْنَاهُمْ بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ
ဝ။(ဤ)ပထဝီမြေ နေထိုင်ခဲ့ကြသူများမရှိသည့်နောက် ယခု ဤပထဝီမြေကို အမွေဆက်ခံလျက် ရှိသူတို့အဖို့ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် 4င်းတို့အားလည်း 4င်းတို့၏ ပြစ်မှုများကြောင့် ဒုက္ခရောက်စေတာ်မူမည် ဖြစ်ကြောင်း မထင်ရှားသေးပါသလော။အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့၏ စိတ်နှလုံးများအပေါ် တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် 4င်းတို့ သည် (မှန်ကန်သောတရားဒေသနာတော်များကို) နားဆင်နိုင်ကြမည် မဟုတ်ချေ။

Choose other languages: