Quran Apps in many lanuages:

Surah Al-Araf Ayahs #102 Translated in Burmese

أَوَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا ضُحًى وَهُمْ يَلْعَبُونَ
သို့တည်းမဟုတ် (ထိုမက္ကာဟ်မြို့နှင့် ပတ်ဝန်းကျင်) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြသူတို့သည် နံနက်နေတက်ချိန်တွင်၎င်းတို့ ကစားခုန်စားလျက်ရှိနေကြစဉ် ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် (ရုတ်တရတ်) 4င်းတို့ထံရောက်ရှိလာမည်ကို ကြောင့်ကြခြင်းကင်းမဲ့၍ စိတ်ချပြီးနေကြပါသလော။
أَفَأَمِنُوا مَكْرَ اللَّهِ ۚ فَلَا يَأْمَنُ مَكْرَ اللَّهِ إِلَّا الْقَوْمُ الْخَاسِرُونَ
င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုကို စိုးရိမ်ခြင်းကင်းမဲ့ကာ စိတ်ချ၍နေကြပါသလော။ သို့ဖြစ်လျှင် နစ်နာဆုံးရှုံးသူတို့မှအပ အလ္လာဟ်အရှင်မြတ်၏ အကြံအစည်ကို စိုးရိမ်ကင်းမဲ့သူဟူ၍ တဦးတယောက်မျှမရှိပြီ။
أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ الْأَرْضَ مِنْ بَعْدِ أَهْلِهَا أَنْ لَوْ نَشَاءُ أَصَبْنَاهُمْ بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ
ဝ။(ဤ)ပထဝီမြေ နေထိုင်ခဲ့ကြသူများမရှိသည့်နောက် ယခု ဤပထဝီမြေကို အမွေဆက်ခံလျက် ရှိသူတို့အဖို့ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် 4င်းတို့အားလည်း 4င်းတို့၏ ပြစ်မှုများကြောင့် ဒုက္ခရောက်စေတာ်မူမည် ဖြစ်ကြောင်း မထင်ရှားသေးပါသလော။အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့၏ စိတ်နှလုံးများအပေါ် တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် 4င်းတို့ သည် (မှန်ကန်သောတရားဒေသနာတော်များကို) နားဆင်နိုင်ကြမည် မဟုတ်ချေ။
تِلْكَ الْقُرَىٰ نَقُصُّ عَلَيْكَ مِنْ أَنْبَائِهَا ۚ وَلَقَدْ جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا مِنْ قَبْلُ ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ قُلُوبِ الْكَافِرِينَ
ဤသည်တို့ကား (ရှေးဟောင်းခေတ်၏) အကြင်မြို့ရွာဒေသများ၏ အချို�အတ္ထုပ္ပတ္တိ များကို အသင့်ရှေ့ဝယ်ပြန်၍ ပြောကြားတော်မူလေသည်။ ဧကန်စင်စစ် ထိုမြို့ရွာဒေသတို့ ၌မှီတင်းနေထိုင်သော သူတို့ထံ 4င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများနှင့်တကွ ရောက်ရှိလာခဲ့ကြလေသည်။ သို့ရာတွင် 4င်းတို့ယခင်က (တကြိမ်)မိမိတို့ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအရာများကို ယုံကြည်မည့်သူများ မဟုတ်ခဲ့ကြချေ။ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့၏စိတ်နှလုံးများအပေါ် ၌ တံဆိပ်ခတ်နှိပ်တော်မူလေသတည်း။
وَمَا وَجَدْنَا لِأَكْثَرِهِمْ مِنْ عَهْدٍ ۖ وَإِنْ وَجَدْنَا أَكْثَرَهُمْ لَفَاسِقِينَ
အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့အနက် မြောက်မြားစွာသောသူတို့ ၌ ကတိသစ္စာတည်ကြည်မှုကို တွေ့ရှိတော်မမူခဲ့ချေ၊ စင်စစ်တမူကား ငါအရှင်မြတ်သည် 4င်းတို့ အနက်မြောက်မြားစွာသောသူတို့အား တရားလမ်းမှန်ကို ဖယ်ရှားသူများသာ တွေ့ရှိတော်မူခဲ့လေသတည်း။

Choose other languages: