Quran Apps in many lanuages:

Surah Al-Araf Ayahs #69 Translated in Burmese

وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۚ أَفَلَا تَتَّقُونَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကို သားချင်းဖြစ်သော (နဗီတမန်တော်)ဟူဒ် ကို(စေလွှတ်တော် မူခဲ့လေသည်။) ထိုအခါ ယင်း(နဗီတမန်တော် ဟူဒ် က အို-ငါ၏အမျိုးသားအပေါင်းတို့၊သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌ ထိုအလ္လာဟ်အရှင်မြတ် မှတစ်ပါးခဝပ် ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည်မကြောက်ရွံ့ကြပါသလော ဟု ဟောကြားခဲ့လေသတည်း။)
قَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ الْكَاذِبِينَ
(ထိုအခါ) ယင်း(နဗီတမန်တော်ဟူဒ်)၏ အမျိုးသားတို့အနက် သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့ကဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား အသိဉာဏ်နည်းပါးမှုတွင် (ကျရောက် နေသည်ကို)တွေ့မြင်နေကြပါသည်။ ၎င်းပြင်မုချဧကန် ကျွန်ုပ်တို့သည် အသင့်အား ပြောဆိုသူတို့တွင် ပါဝင်သည်ဟူ၍လည်း ထင်မြင်ယူဆကြသည် ဟု ပြောဆိုကြကုန်သတည်း။
قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
(ထိုအခါ) ယင်း(နဗီတမန်တော် ဟူဒ်)က ‘အိုငါ၏အမျိုးသားတို့၊ ငါ၏အသိဉာဏ်နည်းပါးမှုသည် လုံးဝမရှိ။အမှန်စင်စစ်သော်ကား ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ပြ�စုပျိုးထောင်တော်မူသော အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ချေသည် ဟုဖြေကြားခဲ့လေသည်။
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
ငါသည် မိမိအရှင်မြတ်က မှာကြားတော် မူလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်လေသည်။ ၎င်းပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကိုလိုလားသူ ယုံကြည်စိတ်ချရသူ အစစ်အမှန်လည်း ဖြစ်ချေသတည်း။
أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِنْ بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ
အသင်တို့သည် မိမိတို့အရှင်မြတ်အထံတော်မှမိမိတို့အားသတိပေးနှိုးဆော်ရန် ဩဝါဒဓမ္မသည် မိမိတို့အနက်မှ လူတစ်ဦးမှတစ်ဆင့် မိမိတို့ထံ ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသလော။ အသင်တို့သည် မိမိတို့အား ထိုအရှင်မြတ်က (နဗီတမန်တော်)နူဟ်၏ အမျိုးသားများ မရှိသည့်နောက်တွင် နေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊အသင်တို့အား အရပ်အမောင်းအားဖြင့် ပိုမိုထွားကြိုင်းကြီးမားစေတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ တဖန်အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် အောင်မြင်ကြလတ္တံ့။

Choose other languages: