Quran Apps in many lanuages:

Surah Al-Araf Ayahs #68 Translated in Burmese

فَكَذَّبُوهُ فَأَنْجَيْنَاهُ وَالَّذِينَ مَعَهُ فِي الْفُلْكِ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمًا عَمِينَ
သို့ပါလျက် ၎င်း(နဗီတမန်တော်နူဟ်၏ အမျိုးသား)တို့သည် ၎င်း(နဗီတမန်တော်နူဟ်)အား မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (နဗီတမန်တော်နူဟ်)အားလည်းကောင်း။ ယင်း(နဗီတမန်တော်နူဟ်)နှင့်အတူတကွ သင်္ဘောပေါ်ပါရှိသူတို့အားလည်းကောင်း၊ကယ်ဆယ် တော်မူခဲ့လေသည်။ သို့ရာတွင် အရှင်မြတ်၏ဒေသနာတော်များကို ငြင်းပယ်သော သူတို့အားမူကား နစ်မြုပ်စေတော်မူခဲ့၏။ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် စက္ခုအလင်း(ဝါ)အသိအမြင် ကင်းမဲ့သော သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۚ أَفَلَا تَتَّقُونَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကို သားချင်းဖြစ်သော (နဗီတမန်တော်)ဟူဒ် ကို(စေလွှတ်တော် မူခဲ့လေသည်။) ထိုအခါ ယင်း(နဗီတမန်တော် ဟူဒ် က အို-ငါ၏အမျိုးသားအပေါင်းတို့၊သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌ ထိုအလ္လာဟ်အရှင်မြတ် မှတစ်ပါးခဝပ် ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည်မကြောက်ရွံ့ကြပါသလော ဟု ဟောကြားခဲ့လေသတည်း။)
قَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ الْكَاذِبِينَ
(ထိုအခါ) ယင်း(နဗီတမန်တော်ဟူဒ်)၏ အမျိုးသားတို့အနက် သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့ကဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား အသိဉာဏ်နည်းပါးမှုတွင် (ကျရောက် နေသည်ကို)တွေ့မြင်နေကြပါသည်။ ၎င်းပြင်မုချဧကန် ကျွန်ုပ်တို့သည် အသင့်အား ပြောဆိုသူတို့တွင် ပါဝင်သည်ဟူ၍လည်း ထင်မြင်ယူဆကြသည် ဟု ပြောဆိုကြကုန်သတည်း။
قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
(ထိုအခါ) ယင်း(နဗီတမန်တော် ဟူဒ်)က ‘အိုငါ၏အမျိုးသားတို့၊ ငါ၏အသိဉာဏ်နည်းပါးမှုသည် လုံးဝမရှိ။အမှန်စင်စစ်သော်ကား ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ပြ�စုပျိုးထောင်တော်မူသော အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ချေသည် ဟုဖြေကြားခဲ့လေသည်။
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
ငါသည် မိမိအရှင်မြတ်က မှာကြားတော် မူလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်လေသည်။ ၎င်းပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကိုလိုလားသူ ယုံကြည်စိတ်ချရသူ အစစ်အမှန်လည်း ဖြစ်ချေသတည်း။

Choose other languages: