Quran Apps in many lanuages:

Surah Al-Araf Ayahs #199 Translated in Burmese

أَلَهُمْ أَرْجُلٌ يَمْشُونَ بِهَا ۖ أَمْ لَهُمْ أَيْدٍ يَبْطِشُونَ بِهَا ۖ أَمْ لَهُمْ أَعْيُنٌ يُبْصِرُونَ بِهَا ۖ أَمْ لَهُمْ آذَانٌ يَسْمَعُونَ بِهَا ۗ قُلِ ادْعُوا شُرَكَاءَكُمْ ثُمَّ كِيدُونِ فَلَا تُنْظِرُونِ
၄င်းတို့၌ လမ်းလျှောက်နိုင်ကြရန် ခြေများရှိကြကြလေသလော။ သို့မဟုတ် ၎င်းတို့တွင် (တစ်စုံတစ်ရာ)ကိုကိုင်တွယ်နိုင်ကြရန် လက်များရှိကြလေသလော။ သို့တည်းမဟုတ် 4င်းတို့၌ ကြည့်မြင်နိုင်ကြရန် မျက်စိများရှိကြလေသလော။ သို့တည်းမဟုတ် 4င်းတို့၌ ကြားနိုင်ရန် နားများရှိကြလေသလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည်(အလ္လာဟ်အရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက်ကိုးကွယ်လျက် ရှိကြကုန်သော) မိမိတို့၏တွဲဖက်ကိုးကွယ် ရာတို့ကို ခေါ်ယူကြလေကုန်။ ထို့နောက် အသင်တို့သည် ငါ့အားဆိုင်းငံ့ခွင့်မပေးပဲ(၎င်းတို့နှင့်ပူးပေါင်းကာ) ငါနှင့်ဆန့်ကျင်၍ ကြံစည်ကြလေကုန်။
إِنَّ وَلِيِّيَ اللَّهُ الَّذِي نَزَّلَ الْكِتَابَ ۖ وَهُوَ يَتَوَلَّى الصَّالِحِينَ
ဧကန်စင်စစ် (ငါ့ထံသို့)ကျမ်းဂန်ဒေသနာတော်ကို ချပေးသနားတော်မူသော အလ္လာဟ်အရှင်မြတ်သည်ပင်ငါ့အား ကာကွယ်စောင့်ရှောက်တော်မူသော အဆွေခင်ပွန်းဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် သူတော်ကောင်းအပေါင်းတို့ အားလည်း ကာကွယ်စောင့်ရှောက်တော်မူပေသတည်း။
وَالَّذِينَ تَدْعُونَ مِنْ دُونِهِ لَا يَسْتَطِيعُونَ نَصْرَكُمْ وَلَا أَنْفُسَهُمْ يَنْصُرُونَ
သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အသင်တို့ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်တမ်းတ)ကြကုန်သော သူတို့မှာမူကား အသင်တို့အားလည်း ကူညီနိုင်ကြသည် မဟုတ်ပေ။မိမိတို့ ကိုယ်များကိုလည်း (မိမိတို့)ကူညီနိုင်ကြသည် မဟုတ်ချေ။
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَسْمَعُوا ۖ وَتَرَاهُمْ يَنْظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ
ထိုမှတစ်ပါး အသင်တို့သည် အကယ်၍ ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို ့သည်(အသင်တို့ဖိတ်ခေါ်သည်ကိုပင်) ကြားနိုင်ကြမည် မဟုတ်ချေ။ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ယင်းမမှန်သော(ကိုးကွယ်ရာ)များအား မိမိဘက်သို့ကြည့်နေဘိသကဲ့သို့ တွေ့မြင်နေရသော်လည်း စင်စစ်မူကား ၎င်းတို့သည် (အလျင်း)ကြည့်မြင်နိုင်ကြသည် မဟုတ်ပေ။
خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَأَعْرِضْ عَنِ الْجَاهِلِينَ
(အို-နဗီတမန်တော်) အသင်သည် ခွင့်လွှတ်ခြင်းတရားကို အမြဲလက်ကိုင်ထားကာ (၎င်းတို့အား) ကောင်းမြတ်သောအမှုတို့ကိုပြုလုပ်ကြရန် အမိန့်ပေးလျက်ရှိပါလေ။ ၎င်းပြင်အသင်သည် အသိပညာကင်းမဲ့သောသူတို့ကို လျစ်လျူရှု၍နေပါလေ။

Choose other languages: