Quran Apps in many lanuages:

Surah Al-Araf Ayahs #202 Translated in Burmese

وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَسْمَعُوا ۖ وَتَرَاهُمْ يَنْظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ
ထိုမှတစ်ပါး အသင်တို့သည် အကယ်၍ ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို ့သည်(အသင်တို့ဖိတ်ခေါ်သည်ကိုပင်) ကြားနိုင်ကြမည် မဟုတ်ချေ။ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ယင်းမမှန်သော(ကိုးကွယ်ရာ)များအား မိမိဘက်သို့ကြည့်နေဘိသကဲ့သို့ တွေ့မြင်နေရသော်လည်း စင်စစ်မူကား ၎င်းတို့သည် (အလျင်း)ကြည့်မြင်နိုင်ကြသည် မဟုတ်ပေ။
خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَأَعْرِضْ عَنِ الْجَاهِلِينَ
(အို-နဗီတမန်တော်) အသင်သည် ခွင့်လွှတ်ခြင်းတရားကို အမြဲလက်ကိုင်ထားကာ (၎င်းတို့အား) ကောင်းမြတ်သောအမှုတို့ကိုပြုလုပ်ကြရန် အမိန့်ပေးလျက်ရှိပါလေ။ ၎င်းပြင်အသင်သည် အသိပညာကင်းမဲ့သောသူတို့ကို လျစ်လျူရှု၍နေပါလေ။
وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۚ إِنَّهُ سَمِيعٌ عَلِيمٌ
ထို့ပြင် အကယ်၍ ရှိုင်တွာန်၏ထံမှ တစ်စုံတစ်ရာ အကြံပေးချက်သည် အသင်(၏စိတ်နှလုံး)၌ သက် ရောက်ခဲ့ါမူ အသင်သည်(ချက်ချင်းပင်)အလ္လာဟ် ရှင်မြတ်၏ကာကွယ်စောင့်ရှောက်မှုကို ဆည်းပူးရှာဖွေ (ရယူ)ပါလေ။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် (အလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူ သောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင်တည်း။
إِنَّ الَّذِينَ اتَّقَوْا إِذَا مَسَّهُمْ طَائِفٌ مِنَ الشَّيْطَانِ تَذَكَّرُوا فَإِذَا هُمْ مُبْصِرُونَ
မလွဲဧကန် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေခန့်ညားသောသူတို့မူကား ရှိုင်တွာန် မိစ္ဆာကောင်၏ထံမှ တစ်စုံတစ်ရာ စိုးရိမ်ဖွယ်ရာသည် ထိုသူတို့၌ သက်ရောက်ခဲ့သောအခါ (အလ္လာဟ်အရှင်မြတ်အား ချက်ချင်း) အောက်မေ့တသကြကုန်၏။ သို့ဖြစ်လျှင် ၎င်းတို့သည် ရုတ်တရက်ပင်(အမှန် ကို) မြင်လာကြကုန်သတည်း။
وَإِخْوَانُهُمْ يَمُدُّونَهُمْ فِي الْغَيِّ ثُمَّ لَا يُقْصِرُونَ
သို့ရာတွင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်တို့၏ ညီသားအစ်ကိုတို့မူကား ၎င်းတို့အား ယင်း ရှိုင်တွာန်မိစ္ဆာကောင်တို့သည် လမ်းမှားသို့ဆွဲငင်(ခေါ်ယူ)လျက်ပင် ရှိကြကုန်၏။ ထို့နောက် ၎င်းတို့သည်(ထိုကဲ့သို့ ဆွဲငင်ခေါ်ယူခြင်းကို)ရပ်စဲကြ သည်မဟုတ်ပေ။ (မိုက်မြဲတိုင်း ဆက်လက်မိုက်လျက်ရှိကြကုန်သတည်း။)

Choose other languages: