Quran Apps in many lanuages:

Surah Al-Araf Ayahs #200 Translated in Burmese

إِنَّ وَلِيِّيَ اللَّهُ الَّذِي نَزَّلَ الْكِتَابَ ۖ وَهُوَ يَتَوَلَّى الصَّالِحِينَ
ဧကန်စင်စစ် (ငါ့ထံသို့)ကျမ်းဂန်ဒေသနာတော်ကို ချပေးသနားတော်မူသော အလ္လာဟ်အရှင်မြတ်သည်ပင်ငါ့အား ကာကွယ်စောင့်ရှောက်တော်မူသော အဆွေခင်ပွန်းဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် သူတော်ကောင်းအပေါင်းတို့ အားလည်း ကာကွယ်စောင့်ရှောက်တော်မူပေသတည်း။
وَالَّذِينَ تَدْعُونَ مِنْ دُونِهِ لَا يَسْتَطِيعُونَ نَصْرَكُمْ وَلَا أَنْفُسَهُمْ يَنْصُرُونَ
သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အသင်တို့ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်တမ်းတ)ကြကုန်သော သူတို့မှာမူကား အသင်တို့အားလည်း ကူညီနိုင်ကြသည် မဟုတ်ပေ။မိမိတို့ ကိုယ်များကိုလည်း (မိမိတို့)ကူညီနိုင်ကြသည် မဟုတ်ချေ။
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَسْمَعُوا ۖ وَتَرَاهُمْ يَنْظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ
ထိုမှတစ်ပါး အသင်တို့သည် အကယ်၍ ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို ့သည်(အသင်တို့ဖိတ်ခေါ်သည်ကိုပင်) ကြားနိုင်ကြမည် မဟုတ်ချေ။ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ယင်းမမှန်သော(ကိုးကွယ်ရာ)များအား မိမိဘက်သို့ကြည့်နေဘိသကဲ့သို့ တွေ့မြင်နေရသော်လည်း စင်စစ်မူကား ၎င်းတို့သည် (အလျင်း)ကြည့်မြင်နိုင်ကြသည် မဟုတ်ပေ။
خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَأَعْرِضْ عَنِ الْجَاهِلِينَ
(အို-နဗီတမန်တော်) အသင်သည် ခွင့်လွှတ်ခြင်းတရားကို အမြဲလက်ကိုင်ထားကာ (၎င်းတို့အား) ကောင်းမြတ်သောအမှုတို့ကိုပြုလုပ်ကြရန် အမိန့်ပေးလျက်ရှိပါလေ။ ၎င်းပြင်အသင်သည် အသိပညာကင်းမဲ့သောသူတို့ကို လျစ်လျူရှု၍နေပါလေ။
وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۚ إِنَّهُ سَمِيعٌ عَلِيمٌ
ထို့ပြင် အကယ်၍ ရှိုင်တွာန်၏ထံမှ တစ်စုံတစ်ရာ အကြံပေးချက်သည် အသင်(၏စိတ်နှလုံး)၌ သက် ရောက်ခဲ့ါမူ အသင်သည်(ချက်ချင်းပင်)အလ္လာဟ် ရှင်မြတ်၏ကာကွယ်စောင့်ရှောက်မှုကို ဆည်းပူးရှာဖွေ (ရယူ)ပါလေ။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် (အလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူ သောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင်တည်း။

Choose other languages: