Quran Apps in many lanuages:

Surah Al-Araf Ayahs #184 Translated in Burmese

وَلِلَّهِ الْأَسْمَاءُ الْحُسْنَىٰ فَادْعُوهُ بِهَا ۖ وَذَرُوا الَّذِينَ يُلْحِدُونَ فِي أَسْمَائِهِ ۚ سَيُجْزَوْنَ مَا كَانُوا يَعْمَلُونَ
စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်၌ကောင်း မြတ်သောနာမံတော် (ဂုဏ်တော်)များ ရှိကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား ယင်းနာမံတော်များဖြင့်သာ တသကြလေကုန်။ [(တစ်နည်း) ဆုတောင်းပတ္ထနာ ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏နာမံတော်များနှင့်စပ်လျဉ်း၍ ချွတ်ချော်တိမ်းပါး ပြစ်မှားသူတို့ကို ပစ်ပယ်စွန့်ပစ်၍ထားကြလေကုန်။] ၎င်းတို့သည် မကြာမြင့်မီကာလတွင် မိမိတို့၏အပြုအမူများနှင့်စပ်လျဉ်း၍ အစားပေးခြင်းကိုခံကြရလတ္တံ။(တစ်နည်း)၎င်းပြင် ကောင်းမွန်မြင့်မြတ်သော(သီးသန့်)နာမံတော်များသည် အလ္လာဟ်အရှင်မြတ်၌(သီးခြား)ရှိသည်။သို့ဖြစ်ရာ အသင်တို့သည် ထိုနာမံတော်များနှင့် ထိုအရှင်မြတ်ကိုသာလျှင် တသကြကုန်။ (ထိုနာမံတော်များဖြင့် သူတစ်ပါးတို့ကိုမခေါ်ဝေါ်ကြကုန်လင့်။) ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ နာမံတော်များနှင့်ပတ်သက်၍ တိမ်းစောင်းရွေ့ပါး ပြစ်မှားသူတို့ကို စွန့်ပယ်ထားကြကုန်။ ၎င်းတို့သည် မကြာမီအတွင်းမိမိတို့၏ အပြုအမူများနှင့်စပ်လျဉ်း၍ အပြစ်ဒဏ်ပေးခြင်းခံကြရလိမ့်မည်။
وَمِمَّنْ خَلَقْنَا أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
၎င်းပြင် ငါအရှင်မြတ် ဖန်ဆင်းတော်မူသောသူတို့တွင် မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြသည့်ပြင်မိမိတို့ကိုယ်တိုင်လည်း ထိုတရားဓမ္မနှင့်အညီ(လိုက်နာ)စီရင်ဆုံးဖြတ်သော လူတစ်စုသည် ရှိကြကုန်၏။(ရကူ)
وَالَّذِينَ كَذَّبُوا بِآيَاتِنَا سَنَسْتَدْرِجُهُمْ مِنْ حَيْثُ لَا يَعْلَمُونَ
၎င်းပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား (ဂျဟန္နမ်ဘက်သို့)ထိုသူတို့မသိသောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူတော်မူအံ့။
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။
أَوَلَمْ يَتَفَكَّرُوا ۗ مَا بِصَاحِبِهِمْ مِنْ جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ مُبِينٌ
၎င်းတို့သည် မိမိတို့၏အဖော် (နဗီတမန်တော်မုဟမ္မဒ်သခင်) ၌ရူးသွပ်ခြင်းသည် လုံးဝမရှိကြောင်း၊ ၎င်းသည်ထင်ရှားစွာသော အသိပေးနှိုးဆော်သူ တစ်ဦးသာလျှင်ဖြစ်ကြောင်း ကောင်းမွန်စွာ ဆင်ခြင်သုံးသပ်ခဲ့ကြသည် မရှိလေသလော။

Choose other languages: