Quran Apps in many lanuages:

Surah Al-Araf Ayahs #186 Translated in Burmese

وَالَّذِينَ كَذَّبُوا بِآيَاتِنَا سَنَسْتَدْرِجُهُمْ مِنْ حَيْثُ لَا يَعْلَمُونَ
၎င်းပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား (ဂျဟန္နမ်ဘက်သို့)ထိုသူတို့မသိသောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူတော်မူအံ့။
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။
أَوَلَمْ يَتَفَكَّرُوا ۗ مَا بِصَاحِبِهِمْ مِنْ جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ مُبِينٌ
၎င်းတို့သည် မိမိတို့၏အဖော် (နဗီတမန်တော်မုဟမ္မဒ်သခင်) ၌ရူးသွပ်ခြင်းသည် လုံးဝမရှိကြောင်း၊ ၎င်းသည်ထင်ရှားစွာသော အသိပေးနှိုးဆော်သူ တစ်ဦးသာလျှင်ဖြစ်ကြောင်း ကောင်းမွန်စွာ ဆင်ခြင်သုံးသပ်ခဲ့ကြသည် မရှိလေသလော။
أَوَلَمْ يَنْظُرُوا فِي مَلَكُوتِ السَّمَاوَاتِ وَالْأَرْضِ وَمَا خَلَقَ اللَّهُ مِنْ شَيْءٍ وَأَنْ عَسَىٰ أَنْ يَكُونَ قَدِ اقْتَرَبَ أَجَلُهُمْ ۖ فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ
ထိုသူတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူသော (သက်ရှိသက်မဲ့)အရာဝတ္ထု အလုံးစုံတို့ကိုလည်းကောင်း၊ မိမိတို့ (သေဆုံးရန်)သတ်မှတ်ထား ပြီးဖြစ်သောကာလ အပိုင်းအခြားသည် နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊ မတွေးမမြင်မဆင်ခြင် မသုံးသပ်ကြလေသလော။ ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက် မည်သည့်စကားကို ယုံကြည်ကြပါဦးမည်နည်း။
مَنْ يُضْلِلِ اللَّهُ فَلَا هَادِيَ لَهُ ۚ وَيَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားစေတော်မူအံ့။ ထိုသူ၌ တရားလမ်းမှန်ကို ညွှန်ကြားပြသမည့်သူဟူ၍ အလျင်းရှိတော့မည် မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝေ့လည်လည် ဖြစ်စေလျက် စွန့်ပစ်၍ထားတော်မူအံ့သတည်း။

Choose other languages: