Quran Apps in many lanuages:

Surah Al-Araf Ayahs #187 Translated in Burmese

وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။
أَوَلَمْ يَتَفَكَّرُوا ۗ مَا بِصَاحِبِهِمْ مِنْ جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ مُبِينٌ
၎င်းတို့သည် မိမိတို့၏အဖော် (နဗီတမန်တော်မုဟမ္မဒ်သခင်) ၌ရူးသွပ်ခြင်းသည် လုံးဝမရှိကြောင်း၊ ၎င်းသည်ထင်ရှားစွာသော အသိပေးနှိုးဆော်သူ တစ်ဦးသာလျှင်ဖြစ်ကြောင်း ကောင်းမွန်စွာ ဆင်ခြင်သုံးသပ်ခဲ့ကြသည် မရှိလေသလော။
أَوَلَمْ يَنْظُرُوا فِي مَلَكُوتِ السَّمَاوَاتِ وَالْأَرْضِ وَمَا خَلَقَ اللَّهُ مِنْ شَيْءٍ وَأَنْ عَسَىٰ أَنْ يَكُونَ قَدِ اقْتَرَبَ أَجَلُهُمْ ۖ فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ
ထိုသူတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူသော (သက်ရှိသက်မဲ့)အရာဝတ္ထု အလုံးစုံတို့ကိုလည်းကောင်း၊ မိမိတို့ (သေဆုံးရန်)သတ်မှတ်ထား ပြီးဖြစ်သောကာလ အပိုင်းအခြားသည် နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊ မတွေးမမြင်မဆင်ခြင် မသုံးသပ်ကြလေသလော။ ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက် မည်သည့်စကားကို ယုံကြည်ကြပါဦးမည်နည်း။
مَنْ يُضْلِلِ اللَّهُ فَلَا هَادِيَ لَهُ ۚ وَيَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားစေတော်မူအံ့။ ထိုသူ၌ တရားလမ်းမှန်ကို ညွှန်ကြားပြသမည့်သူဟူ၍ အလျင်းရှိတော့မည် မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝေ့လည်လည် ဖြစ်စေလျက် စွန့်ပစ်၍ထားတော်မူအံ့သတည်း။
يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ رَبِّي ۖ لَا يُجَلِّيهَا لِوَقْتِهَا إِلَّا هُوَ ۚ ثَقُلَتْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةً ۗ يَسْأَلُونَكَ كَأَنَّكَ حَفِيٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ اللَّهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
၎င်းတို့သည် (ပြက်ရယ် ပြောင်လှောင်သောသဘောနှင့်) အသင့်အား ကိယာမတ်ရှင်ပြန်ထမည့်နေ့ နှင့်စပ်လျဉ်း၍ ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့သည် မည်သည့်အချိန်အခါ၌ ဆိုက်ရောက်မည်နည်း ဟု မေးမြန်းကြကုန်၏။အသင်သည် ၎င်းတို့အား (ဤသို့)ဖြေကြားပါလေ၊ (အိုအချင်းတို့) ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်းသောအသိကား ငါ၏အရှင်မြတ် ထံတော်၌သာလျှင်ရှိ၏။ ထိုအရှင်မြတ်သည်သာလျှင် ယင်းကိယာမတ်နေ့ကို ထိုကိယာမတ်(ဆိုက်ရောက်မည့်)အချိန်ကာလတွင် ပေါ်လွင်ထင်ရှားစေ တော်မူအံ့။ထိုကိယာမတ်(ဆိုက်ရောက်ခြင်းသည်)မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အလွန်လေးလံ (ကြီးကျယ်လှသောကိစ္စတရပ်ဖြစ်)၏။ ယင်းကိယာမတ်သည် အသင်တို့ထံ ရုတ်တရက် ရှောင်တခင် အားဖြင့်သာ ဆိုက်ရောက်လာပေမည်။ ၎င်းတို့သည် အသင့်အား ထိုကိယာမတ်နှင့် စပ်လျဉ်း၍အသင်သည် ကောင်းမွန်စွာ လေ့လာစူးစမ်းပြီး ဖြစ်ဘိသကဲ့သို့ပင် မေးမြန်းကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ဖြေကြားပါလေ။ (အို-အချင်းတို့) ထိုကိယာမတ်နှင့် စပ်လျဉ်းသော အသိကား။ အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင်ရှိ၏။ သို့ရာတွင် အများဆုံးသောသူတို့မူကား (ဤမျှ လောက်ပင်) မသိနားမလည်ကြပြီတကား။

Choose other languages: