Quran Apps in many lanuages:

Surah Al-Araf Ayahs #108 Translated in Burmese

وَقَالَ مُوسَىٰ يَا فِرْعَوْنُ إِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
င်းပြင် (နဗီတမန်တော်)မူစာက အိုဖစ်ရ်အောင်န် ငါသည် ဧကန်စင်စစ် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ် အထံတော်မှစေလွှတ်ခြင်းခံရသော ရစူလ်တမန်တော် တစ်ပါးပင်ဖြစ်ချေသည်ဟု ပြောကြားခဲ့လေ၏။
حَقِيقٌ عَلَىٰ أَنْ لَا أَقُولَ عَلَى اللَّهِ إِلَّا الْحَقَّ ۚ قَدْ جِئْتُكُمْ بِبَيِّنَةٍ مِنْ رَبِّكُمْ فَأَرْسِلْ مَعِيَ بَنِي إِسْرَائِيلَ
အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ (တစ်စုံတစ်ရာကို ကြံဖန်လီဆယ် ပြောဆိုခြင်းမပြုပဲ)အမှန် ကိုသာပြောဆိုရန် ငါ၏အပေါ်၌ တာဝန်ရှိပေသည်။ ငါသည် ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏ အရှင်မြတ်အထံတော်မှထင်ရှားစွာသောသက်သေ လက္ခဏာကို ယူဆောင်ခဲ့လေပြီ။သို့ဖြစ်ပေရာ (အို-ဖစ်ရ်အောင်န်) အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါနှင့်အတူ (ထည့်)လိုက်ပါ။
قَالَ إِنْ كُنْتَ جِئْتَ بِآيَةٍ فَأْتِ بِهَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ထိုအခါ ယင်း(ဖစ်ရ်အောင်န်)ကပြန်ပြောသည်မှာ (အို-မူစာ)အသင်သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်ခဲ့၍ မှန်ကန်စွာ ပြောဆိုသူ တဦးဖြစ်ခဲ့ပါလျှင်ထိုသက်သေလက္ခဏာကို (ငါ၏ရှေ့ဝယ်)တင်ပြလော့ဟု ပြန်ပြောလေ၏။
فَأَلْقَىٰ عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُبِينٌ
ထိုအခါ ထိုနဗီတမန်တော်(မူစာ)သည် မိမိတောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချလေရာ ရုတ်တရက် ထိုတောင်ဝှေးသည် ထင်ရှားသောမြွေ(နဂါး) တစ်ကောင်ဖြစ်နေလေ၏။
وَنَزَعَ يَدَهُ فَإِذَا هِيَ بَيْضَاءُ لِلنَّاظِرِينَ
၎င်းပြင် ထိုနဗီတမန်တော်(မူစာ)သည် မိမိလက်ကို (မိမိရင်ချိုင်းကြားမှ) အပြင်သို့ဆွဲ၍ ထုတ်ခဲ့ရာ ရုတ်တရက် ထိုလက်မှာ ကြည့်ရှုသူတို့ရှေ့တွင် ထွန်းတောက် လျက်ရှိနေလေသည်။(ရကူ)

Choose other languages: