Quran Apps in many lanuages:

Surah Al-Araf Ayahs #107 Translated in Burmese

ثُمَّ بَعَثْنَا مِنْ بَعْدِهِمْ مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَظَلَمُوا بِهَا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
တဖန် ငါ အရှင်မြတ်သည် ထိုရစူလ်တမန်တော်များ၏နောက်တွင် (နဗီတမန်တော်)မူစာအား မိမိ သက်သေလက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န် နှင့် 4င်း၏အကြီးအမှူးတို့ထံ စေလွှတ်တော်မူခဲ့ရာ 4င်းတို့သည် ထိုသက်သေလက္ခဏာတော်များကို မထီမဲ့မြင် ပြုခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်ကြသူတို့၏ နောက်ဆုံးအဖြစ်သည် မည်သို့ ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။
وَقَالَ مُوسَىٰ يَا فِرْعَوْنُ إِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
င်းပြင် (နဗီတမန်တော်)မူစာက အိုဖစ်ရ်အောင်န် ငါသည် ဧကန်စင်စစ် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ် အထံတော်မှစေလွှတ်ခြင်းခံရသော ရစူလ်တမန်တော် တစ်ပါးပင်ဖြစ်ချေသည်ဟု ပြောကြားခဲ့လေ၏။
حَقِيقٌ عَلَىٰ أَنْ لَا أَقُولَ عَلَى اللَّهِ إِلَّا الْحَقَّ ۚ قَدْ جِئْتُكُمْ بِبَيِّنَةٍ مِنْ رَبِّكُمْ فَأَرْسِلْ مَعِيَ بَنِي إِسْرَائِيلَ
အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ (တစ်စုံတစ်ရာကို ကြံဖန်လီဆယ် ပြောဆိုခြင်းမပြုပဲ)အမှန် ကိုသာပြောဆိုရန် ငါ၏အပေါ်၌ တာဝန်ရှိပေသည်။ ငါသည် ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏ အရှင်မြတ်အထံတော်မှထင်ရှားစွာသောသက်သေ လက္ခဏာကို ယူဆောင်ခဲ့လေပြီ။သို့ဖြစ်ပေရာ (အို-ဖစ်ရ်အောင်န်) အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါနှင့်အတူ (ထည့်)လိုက်ပါ။
قَالَ إِنْ كُنْتَ جِئْتَ بِآيَةٍ فَأْتِ بِهَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ထိုအခါ ယင်း(ဖစ်ရ်အောင်န်)ကပြန်ပြောသည်မှာ (အို-မူစာ)အသင်သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်ခဲ့၍ မှန်ကန်စွာ ပြောဆိုသူ တဦးဖြစ်ခဲ့ပါလျှင်ထိုသက်သေလက္ခဏာကို (ငါ၏ရှေ့ဝယ်)တင်ပြလော့ဟု ပြန်ပြောလေ၏။
فَأَلْقَىٰ عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُبِينٌ
ထိုအခါ ထိုနဗီတမန်တော်(မူစာ)သည် မိမိတောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချလေရာ ရုတ်တရက် ထိုတောင်ဝှေးသည် ထင်ရှားသောမြွေ(နဂါး) တစ်ကောင်ဖြစ်နေလေ၏။

Choose other languages: